ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တော် ဆူရာဆတ်က BTS Skytrain Station က စက်လှေကားတစ်ခုမှာ ယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်လောက်က မတော်တဆမှုဖြစ်ပွားခဲ့လို့ လူအများအပြား ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ အဆိုပါ ဆူရာဆတ် BTS Station ရဲ့ စက်လှေကား မတော်တဆမှုမှာ လူ ၂၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ပျံ့နှံ့လာတဲ့သတင်းများအရ မတော်တဆ မဖြစ်ပွားခင်က ရုတ်တရက် မိုးရွာချလာတာကြောင့် မိုးခိုကြဖို့ စက်လှေကားပေါ် သူ့ထက်ငါ အပြေးအလွှား လုတက်ကြရင်း လူဝိတ်မခံတဲ့ စက်လှေကားဟာ ယခုလိုဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။ ဆိုးဆိုးဝါးဝါး သေဆုံးတဲ့သူ မရှိခဲ့ပေမယ့် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။


ပရဟီတ လူမှုရေးအသင်းများကလည်း အရေးပေါ်ကယ်ဆယ်ရေးကားတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မြို့တော်တစ်လွှားက ဆေးရုံတွေဆီ အရေးပေါ်ပို့ဆောင်ခဲ့ပါတယ်။ မတော်တဆအခင်းဖြစ်ပွားတဲ့နေရာ တစ်ဝိုက်မှာလည်း အဲ့ဒီညက ယာဉ်လမ်းကြောတွေ လည်းပိတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - ဘန်ကောက်လမ်းညွန်ကိုစိုင်း