ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အီလွန်မက်စ်က သူ့ရဲ့တွယ်တာမှာ "ကျွန်တော် မန်ချက်စတာအသင်းကို ဝယ်ယူမယ်" ဆိုတဲ့ စာတစ်စောင် ရေးသားခဲ့တာဟာ စနောက်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြန်လည်ရေးသားလာခဲ့ပါတယ်။ အီလွန်မက်စ်ဟာ သူ့ရဲ့ လူမှုကွန်ယက်မှာ အတည်တကျမရှိတဲ့ ပိုစ့်တွေကို အမြဲတင့်လေ့ရှိသူပါ။ ဒါပေမယ့် မန်ချက်စတာအသင်းကို ဝယ်ယူမယ်ဆိုတဲ့ ရေးသားမှုကတော့ ကမ္ဘာ့တစ်ဝှမ်းကို ဗရုန်းသုန်းကားဖြစ်ပေါ်စေခဲ့ပါတယ်။


မန်ချက်စတာကို ဝယ်ယူမယ်ဆိုတာ ပတ်သက်ပြီး "ဟင့်အင်း၊ ဒါက Twitter မှာ ကာလရှည်ကြာ ပြက်လုံးတစ်ခုပါပဲ။ ကျွန်တော် ဘယ်အားကစားအသင်းကိုမှ မဝယ်ပါဘူး" လို့ ရေးသားထားပါတယ်။ အီလွန်မက်စ် တကယ်ဝယ်မယ်ထင်ပြီး စိတ်လှုပ်ရှားခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ကြေကွဲစရာပါပဲ။


ဒါပေမယ့် မန်ချက်စတာ ပရိသတ်အချို့ကတော့ အသင်းရဲ့စွမ်းဆောင်ရည်တွေ ဆက်တိုက်ညံ့ဖျင်းမှုကို မလိုလားတော့တာကြောင့် အသင်းကိုဝယ်ယူပေးဖို့ အီလွန်မက်စ် ကို ယခင်က တိုက်တွန်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အီလွန်မက်စ်ဟာ မကြာသေးမီက ဆိုရှယ်မီဒီယာကုမ္ပဏီတစ်ခု ဝယ်ယူ ဖို့ ဒေါ်လာ ၄၄ ဘီလျံ သဘောတူညီမှုကနေ ထွက်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။


Source - CNA