နယူးဇီလန်က ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးဖို့ ဗြိတိန်ကို တပ်ဖွဲ့ဝင် ၁၂၀ စေလွှတ်

//s9.kh1.co/6d/6d857b5f646064e2beb72b00c38ba4e6779321dd.jpg
နေ့စဉ်သတင်းများ

 ၁၅-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

နယူးဇီလန်က ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးဖို့ ဗြိတိန်ကို တပ်ဖွဲ့ဝင် ၁၂၀ စေလွှတ်

နယူးဇီလန်ဟာ ရှေ့တန်းတိုက်ပွဲတွေမှာ ယူကရိန်းနိုင်ငံသားများကို ကူညီလေ့ကျင့်ပေးဖို့အတွက် ဗြိတိန်သို့ စစ်မှုထမ်း ၁၂၀ ကို စေလွှတ်ထားကြောင်း အစိုးရက တနင်္လာနေ့မှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ စေလွှတ်မှုမှာ ယူကရိန်းတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်တွယ်ခြင်းအပါအဝင် တိုက်ခိုက်ရေးတွေမှာ ကျွမ်းကျွမ်းကျင်ကျင် ထိရောက်စွာတိုက်ခိုက်နိုင်တဲ့ ခြေလျင်လေ့ကျင့်ရေးအဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းသင်ကြားပေးမည်ဖြစ်ကြောင်း ရှေးဦးသူနာပြုစုနည်း၊ စစ်ဆင်ရေးဥပဒေနှင့် အခြားကျွမ်းကျင်မှုများပါဝင်တယ်လို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ယူကရိန်းစစ်သား ၈၀၀ ခန့်ကို ဗြိတိန်ရှိ နေရာလေးခုအနက် တစ်ခုတည်းမှာ သီးသန့်လေ့ကျင့်မည်ဖြစ်ပေမယ့် နယူးဇီလန် ကာကွယ်ရေးတပ်သားများကတော့ ယူကရိန်းနိုင်ငံသို့ သွားရောက်မည်မဟုတ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

"နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုနဲ့ အပြစ်မဲ့ အသက်တွေ ဆုံးရှုံးသွားတာဟာ မှားယွင်းပြီး သည်းမခံနိုင်တော့ဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ ကျွန်တော်တို့ရဲ့ ရှုံ့ချမှုဟာ စကားမပြောဘဲနဲ့ ဆက်လက်ပြီး ဝေဖန်ထောက်ပြမှုတွေ ပါဝင်သွားမှာပါ" ဟု ဝန်ကြီးချုပ် Jacinda Ardern က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

နယူးဇီလန် ကာကွယ်ရေး တပ်ဖွဲ့ဝင် အယောက် ၃၀ ကိုတော့ အမြောက်တပ် စစ်ဆင်ရေးမှာ ယူကရိန်း စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ မေလမှာ အပြီးသတ် စေလွှတ်ခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T