အီဂျစ်မှာ ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၄၁ ဦးသေဆုံး

//s9.kh1.co/f3/f3957c7549e27c5a1b133d4d23e8c084d882cf83.jpg
နေ့စဉ်သတင်းများ

 ၁၅-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

အီဂျစ်မှာ ခရစ်ယာန်ဘုရားကျောင်း မီးလောင်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၄၁ ဦးသေဆုံး

အီဂျစ် Giza မြို့ ရှိ Coptic Abu Sifin ဘုရားကျောင်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက ဝတ်ပြုကိုးကွယ်သူ ၅၀၀၀ ခန့် စုဝေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဝတ်ပြုနေသူ အနည်းဆုံး ၄၁ ဦး သေဆုံးပြီး လူ ၁၄ ဦးလောက် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ CNN သတင်းရဲ့ ဖော်ပြချက်များအရ သေဆုံးသူများထဲမှာ အသက် ၃ နှစ်မှ ၁၆ နှစ်ကြားရှိ ကလေးငယ် ၁၈ ဦး ပါဝင်ကြောင်းဖော်ပြထားပါတယ်။

Photo Credit - from google
Photo Credit - from google
Photo Credit - from google
Photo Credit - from google

သေဆုံးသူအများအပြားဟာ မီးလောင်မှုကြောင့် ဝင်ပေါက်ပိတ်ခဲ့ရာမှာ အလုအယက်တိုးဝှေ့ရင်း လူအုပ်ပိမိပြီး သေဆုံးခဲ့ကြတာလို့ သိရပါတယ်။ ဘုရားကျောင်းမှ ဖခင် Farid Fahmy က ဝါယာရှော့ကြောင့် ဖြစ်ပွားခဲ့တယ်လို့‌ပြောခဲ့ပေမယ့် မီးလောင်ရသည့်အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း မီးသတ်တပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

Photo Credit - from google
Photo Credit - from google
Photo Credit - from google
Photo Credit - from google

အခင်းဖြစ်ခဲ့တဲ့ နေရာမှာရှိနေသူတချို့ရဲ့ ပြောဆိုချက်အရ ဘုရားကျောင်းရဲ့ တတိယထပ်နဲ့ စတုတ္ထထပ်တွေမှာ လူအများဆုံးရှိကြတဲ့အချိန်မှာ ဒုတိယထပ်ကနေ မီးခိုးတွေထွက်လာတာလို့ ဆိုပါတယ်။ မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အခင်းဖြစ်ပွားရာသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း အစိုးရရှေ့နေရုံးက ပြောဆိုထားပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ ဘုရားကျောင်းဟာ မြို့တော်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရှိ လူဦးရေ ၁၀၃ သန်းမှာ ကော့ပတစ်ခရစ်ယာန်များက အနည်းဆုံး လူဦးရေ ၁၀ သန်းရှိပါတယ်။

Photo Credit - from google
Photo Credit - from google

သတင်း အရင်းအမြစ်Source - BBC

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T