လတ်တလော မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအနေအထားအရ ငွေကြေးဖောင်းပွမှု များဖြစ်ပေါ်ကာ ကုန်ဈေးနှုန်း ၊ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီဈေး အဖက်ဖက်မှာ ဈေးနှုန်းအဆမတန်တိုးမှုများဖြစ်ပေါ်နေတာကြောင့် ပြည်တွင်းနေပြည်သူများ အဆင်မပြေဖြစ်နေကြတယ်လို့ သိရပါတယ်။

ယခုအခါမှာလည်း လတ်တလော ခေတ်စားနေတဲ့ပြဿနာတစ်ရပ်အတွက် ကြေညာချက်ထုတ်ပြန်လာပါတယ်။ ပြည်တွင်းမှာ စက်သုံးဆီတွေ ပြတ်လတ်တယ်ဆိုတာဟာ ကောလဟာလ သာဖြစ်ပြီး ဆီကိုအကန့်အသတ်နဲ့ ဈေးတင်ရောင်းနေတဲ့ဆိုင်တွေကို အရေးယူဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်သုံးဆီကြီးကြပ်ရေးကော်မတီထံ အကြောင်းကြားတစ်စောင်ကို သြဂုတ် (၁၃)ရက်နေ့စွဲနဲ့ ပေးပို့လာပါတယ်။

လတ်တလောပြဿနာရပ်များအရ တချို့ဆိုင်တွေဟာ ဆီကိုသိုလှောင်ထားပြီးတစ်ရက်အကြာမှ ဆီကို ဈေးတင်ကာ ရောင်းခဲ့ကြပုံပေါ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အတော်လေးအခက်အခဲဖြစ်ပြီး (၂၀၀၀)ကျပ်စွန်းစွန်းသာရှိတဲ့ ဆီတစ်လီတာကို တချို့နေရာတွေမှာ တစ်လီတာကို (၄၅၀၀)ကျပ်အထိပေးဝယ်နေကြရတယ်လို့သိရပါတယ်။
