အာမေးနီးယားမှာ မီးရှူးမီးပန်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိ

//s9.kh1.co/1d/1d38b724904fac68c5bcd7828c14623bfb8d83ae.jpg
နေ့စဉ်သတင်းများ

 ၁၅-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

အာမေးနီးယားမှာ မီးရှူးမီးပန်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိ

အာမေးနီးယားနိုင်ငံ မြို့တော် Yerevan မှာ တနင်္ဂနွေနေ့က မီးရှူးမီးပန်း သိုလှောင်ရုံတစ်ရုံ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း သိရပါတယ် ။ အဆိုပါ သိုလှောင်ရုံ ပေါက်ကွဲမှုဟာ ပြင်းထန်ခဲ့တာကြောင့် အပြင်ဘက်ရှိ ‌အများပြည်သူများအသုံးပြုနေတဲ့ စျေးတစ်စျေးကို ရောက်ရှိခဲ့တာကြောင့် အဆောက်အဦများ ပြိုကျခြင်းအပြင်၊ မီးလောင်ကျွမ်းမှုများပါ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၅၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - ABC News
Photo Credit - ABC News
Photo Credit - ABC News
Photo Credit - ABC News

အဆိုပါ မီးလောင်ပေါက်ကွဲမှုဟာ မွန်းလွဲအစောပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်သမားများက နာရီပေါင်းများစွာ ကြိုးစားငြိမ်းသတ်ခဲ့ရပါတယ်။ ပြီးတော့ မီးရှူးမီးပန်းများပေါက်ကွဲနေတဲ့ ကြားကနေ ကယ်ဆယ်ရေးသမားများနှင့် စေတနာ့ဝန်ထမ်းများဟာ ကွန်ကရစ်နှင့် သတ္တုလိမ်ပြားများအောက်မှာ ပိတ်မိနေတဲ့ သူများကို ရှာဖေွကယ်ထုတ်တာတွေ လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။

Photo Credit - ABC News
Photo Credit - ABC News
Photo Credit - ABC News
Photo Credit - ABC News

အဆိုပါ မီးလောင်ခဲ့တဲ့ စျေးဟာ မြို့လယ်ခေါင်ရဲ့ တောင်ဘက် တစ်မိုင်အကွာမှာရှိပြီး ကုန်းပစ္စည်းမျိုးစုံရသလို စျေးနှုန်းချိုသာတာကြောင့် လူကြိုက်များတဲ့ စျေးတစ်စျေးလည်း ဖြစ်ပါတယ်။ တာဝန်ရှိသူများကတော့ မီးလောင်ပေါက်ကွဲများကြောင့် ထိခိုက်သူများနှင့် သေဆုံးတဲ့ စာရင်ကိုသာထုတ်ပြန်ခဲ့ပေမယ့် မီးရှူးမီးပန်းများ မီးလောင်ရခြင်းနှင့်ပတ်သက်အကြောင်းအရင်းကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ဆိုပါတယ်။

Photo Credit - ABC News
Photo Credit - ABC News

သတင်း အရင်းအမြစ်Source - ABC News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T