ရှမ်းပြည်မြောက်ပိုင်းမှာ ဆီပြတ်လတ်မှုကြောင့်တစ်လီတာကျပ် ၄၅၀၀ကျော်အထိစျေးပေါက်

//s9.kh1.co/c3/c3bdc37083682ff4b100ce9a60f1ba517df1ad41.jpg
နေ့စဉ်သတင်းများ

 ၁၃-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဆီဆိုင်တွေ အမှန်တကယ် ဆီပြတ်ခြင်း ရှိမရှိ ကိုလည်း လတ်တလောမှာ ရှောင်တခင်စစ်မယ်လို့ သိရ ........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နိုင်ငံရဲ့ စီးပွားရေးထိုးကျလာမှုနဲ့အတူ ငွေကြေးဖောင်းပွမှုတွေကြောင့် လတ်တလောမှာ ကုန်ဈေးနှုန်း နဲ့အတူ ဒေါ်လာဈေး ၊ ရွှေဈေး ၊ စက်သုံးဆီဈေးများ ဟာ ယခင်ထက် အဆမတန် ပိုမိုများပြားလာသလို ဆီတွေကိုလည်း လိုသလောက် ဝယ်ယူလို့မရတာကြောင့် အတော်လေး အခက်တွေ့နေကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

နိုင်ငံတစ်ဝန်း မှာ စက်သုံးဆီစျေးနှုန်းမြင့်တက်ပြီး ရှားပါးပြတ်လပ်မှုကိုရင်ဆိုင်နေရသလိုဘဲ ရှမ်းပြည်မြောက်ပိုင်းမှာလည်းအဆိုးရွားဆုံး ရှားပါးမှုဖြစ်နေတယ်လို့ မြို့ဒေသခံတွေကပြောပါတယ်။ လားရှိုးမှာ အနည်းငယ်ဝယ်ရလွယ်ပေမယ့် ကွတ်ခိုင် ၊ မူဆယ်မှာ ဆီပြတ်တဲ့အထိဖြစ်နေတယ်လို့​ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

92 နဲ့ 95 ဆီစျေးတွေက ဆီပြတ်လတ်နေသလို ဝယ်ယူလိုသလောက်လည်းမရနိုင်တာကြောင့် စျေးတက်နေပြီး တစ်လီတာကို (၄၅၀၀) ကျော်

အထိ ပေးဝယ်ရတဲ့ အခြေအနေအထိဖြစ်လာတယ်လို့ ပြောပါတယ်။ ဆိုင်ကြီးတချို့မှာအကန့်အသတ်နဲ့ရနေပေမယ့် ဆိုင်သေးတွေမှာတော့ ဆီ လုံးဝ ဝယ်မရတဲ့အထိဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T