92 တစ်လီတာလျှင် ရက်ပိုင်းအတွင်း (၂၈၅၅) ကျပ်အထိ စျေးခုန်တက်

//s9.kh1.co/b8/b8eff0521a335a621b0298b8adb766e4e9d3f174.jpg
နေ့စဉ်သတင်းများ

 ၁၃-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

တစ်နေ့ထက်တစ်နေ့ တစ်လီတာကို (၇၅)ကျပ် နှုန်းဖြင့် ပို၍စျေးမြင့်လာတဲ့ ဓာတ်ဆီဈေးနှုန်းဟာ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နိုင်ငံရဲ့ စီးပွားရေးထိုးကျလာမှုနဲ့အတူ ငွေကြေးဖောင်းပွမှုတွေကြောင့် လတ်တလောမှာ ကုန်ဈေးနှုန်း နဲ့အတူ ဒေါ်လာဈေး ၊ ရွှေဈေး ၊ စက်သုံးဆီဈေးများ ဟာ ယခင်ထက် အဆမတန် ပိုမိုများပြားလာတာကြောင့် နိုင်ငံနေ ပြည်သူများအတော်လေး အဆင်မပြေဖြစ်နေကြရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ ဩဂုတ်လ(၁၃)ရက်နေ့ မှာလည်း ပြည်တွင်းစက်သုံးဆီစျေးကွက်အတွင်း ဓာတ်ဆီ 92 တစ်လီတာလျှင် (၂၈၅၅) ကျပ်အထိ စျေးတက်သွားပြီး ယမန်နေ့က တစ်လီတာလျှင် (၂၃၂၀)ကျပ်သာရှိကြောင်း တစ်နေ့ဈေးထက် တစ်နေ့လျှင် တစ်လီတာ (၇၅)ကျပ်နှုန်းဖြင့် စျေးမြင့်သွားကြောင်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် (၂၃၂၀) သတ်မှတ်ထားပေမယ့် နေရာဒေသကို လိုက်ပြီး စျေးနှုန်းပြောင်းလဲရောင်းချမှုကြောင့် အမြင့်ဆုံးစျေးနှုန်းဟာ တစ်လီတာကို (၂၈၅၅)ကျပ်အထိ တက်လာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုလတ်တလောမှာ စက်သုံးဆီ ကို နယ်မြို့အချို့မှာ လိုအပ်သလောက် မရောင်းချနိုင်တဲ့အပြင် ဆီပြတ်လတ်မှုကြောင့် တချို့နေရာတွေမှာရောင်းချမှုရပ်နားထားရတဲ့အထိကို ဆိုးရွားနေပါတယ်။ နယ်မြို့အားလုံးနီးပါးမှာ ဓတ်ဆီနှင့်ဒီဇယ်ဆီရရှိဖို့ ပြည်သူတွေမှာ တိုးဝှေ့ တန်းစီ ဝယ်နေကြရတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T