သိပ်မကြာခင်အချိန်က သီရိလင်္ကာနိုင်ငံနေပြည်သူတွေက နိုင်ငံရဲ့ စီးပွားရေး အောက်ဆုံးထိုးကျခဲ့တာကြောင့် ဆန္ဒထုတ်ဖော်ပြသကာ သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာ ကို နှုတ်ထွက်ခိုင်းခဲ့ကြပါတယ်။ ယင်းဖြစ်ရပ်ကြောင့်သော်လည်းကောင်း ၊ တာဝန်မယူချင်လို့သော်လည်းကောင်း သီရိလင်္ကာသမ္မတ ဟာ သမ္မတရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။

ရာဂျာပက်ဆာ ဟာ သူအသုံးမကျတာကြောင့် သမ္မတအဖြစ်မှ နှုတ်ထွက်ရရုံသာမက တခြားနိုင်ငံသို့ ထွက်ပြေးရတဲ့ဘဝအထိကိုရောက်ခဲ့ပါတယ်။ ရာဂျာပက်ဆာ ဟာ ဇူလိုင်လမှာ သီရိလင်္ကာနိုင်ငံမှ မော်လ်ဒိုက်သို့ ကနဦး ထွက်ပြေးခဲ့ပြီးနောက် စင်ကာပူနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။ အဲ့သလိုနေနေရာမှ အခုအခါ သီရိလင်္ကာသံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူအနေဖြင့် ရက် (၉၀) အထိ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ကြောင်း သတင်းရရှိတဲ့အတွက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခွင့်ပြုရန် ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာတော့ တိုင်းပြည်ထဲကနေ ထွက်ပြေးလာတဲ့ သမ္မတ ရာဂျာပက်ဆာဟာ ထိုင်းနိုင်ငံကို ကြာသပတေးနေ့ သြဂုတ်လ (၁၁) ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း ရိုက်တာသတင်းထောက် မျက်မြင် (၃) ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
