ထိုင်းမှာ ဆေးကုသပြီးတာနဲ့ ပြန်ကြွလာပြီး တရားပြန်လည်ဟောကြားတော့မယ့် မိုင်းဖုန်းဆရာတော်ကြီး

//s9.kh1.co/cb/cb0fa02f3ddda3f872fe30b9465444af1c487199.jpg
နေ့စဉ်သတင်းများ

 ၁၃-သြ-၂၀၂၂ ၁၂am · လွန်ခဲ့သော ၂ နှစ် က

လက်ရှိမှာတော့ ဦးနှောက်ကို ငှက်ဖျားပိုးဝင်တယ်လို့ သိထားရပြီး....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မိုင်းဖုန်းဆရာတော်ကြီး အညတရဝါသီ အရှင်ညာဏသံဝရဟာ သိပ်မကြာခင် ဩဂုတ်လ(၁)ရက်နေ့က မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူမှာ (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာကျင့်ကြံမှုအောင်မြင်ပြီးနောက် ဂူမှထွက်လာကာ ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader

၎င်းကဲ့သို့ ပင်ပန်းပြီး ကျန်းမာရေးအားနည်းလို့ ထိုင်းနိုင်ငံသို့သွားရောက် ဆေးကုသမှု ခံယူနေတဲ့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ ဆေးစစ်ချက်များအရ ကြားသိရတာကတော့ မိုင်းဖုန်းဆရာတော်ဘုရားကြီးဟာ လက်ရှိမှာ ဦးနှောက်ငှက်ဖျား ရောဂါကို ခံစားနေရတာဖြစ်တယ်လို့ ​သိရပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader

မိုင်းဖုန်းဆရာတော်အနီးရှိ တပည့် ဒါယိကာ တစ်ဦးက “ဘန်ကောက်မြို့မှာဆေးကုသမှု ခံယူနေသည့် မိုင်းဖုန်းဆရာတော်ကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်တိုး တက်လာပါပြီ။ သိပ်လည်း စိတ်မပူကြပါနဲ့ ။ မကြခင်မှာ ပြန်ကြွလာပြီး တရားပြန်လည်ဟောကြားပေးပါတော့မယ်” လို့ ပြောကြားထားပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T