အခြားနေရာတွေထက် လေးဆလောက်ပိုမို ပူနွေးလာနေတဲ့ အာတိတ်သမုဒ္ဒရာ

//s9.kh1.co/45/454061397d77f044897837525e2133cf6de63c62.jpg
နေ့စဉ်သတင်းများ

 ၁၂-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

အာတိတ်သမုဒ္ဒရာဟာ အခြားနေရာတွေထက် လေးဆလောက်ပိုမို ပူနွေးလာနေ

အာတိတ်ဟာ တစ်ကမ္ဘာလုံးထက်ပိုပြီး လေးဆလောက် ပူနွေးလာတယ်လို့ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရသိရပါတယ်။ အာတိတ် ပူနွေးလာတယ်လို့ ခံစားရတာကို သိပ္ပံပညာရှင်တွေက နှစ်ပေါင်းများစွာ သိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်တစ်ခုက အရင်က ထင်ထားတာထက် ပိုဆိုးတယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အာတိတ်ရဲ့ ပူနွေးလာတဲ့ ‌‌ဒေတာများအရ အခြားနေရာတွေထက် 3.7 မှ 4.1 ဆလောက် ပိုမိုပူနွေးလာတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပညာရှင်တွေရဲ့ ဖြေရှင်းချက်မှာတော့ ဒေသတွင်း ပူနွေးလာမှု ပိုမိုပြင်းထန်လာစေတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုမှာ  နေရောင်ခြည်ကို ရောင်ပြန်ဟပ်ဖို့ ကူညီပေးတဲ့ ပင်လယ်ရေခဲများဟာ ကျုံ့ဝင်သွားပြီး သမုဒ္ဒရာရေပြင်မှာ ရောင်ခြည်များကို ပိုမိုစုပ်ယူသွားတာကြောင့် ရေခဲများပိုပြီး အရည်ပျော်ကာ ပူနွေးလာခြင်းကို အဓိကဖြစ်စေတယ်လို့ ဆိုပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

 ပြီးတော့ပင်လယ်ရေခဲများ ချဲ့ထွင်လာပြီး လေထုထဲကို အပူပြန်ထုတ်သည့်အခါ ဆောင်းရာသီမှာ ပိုမိုအားကောင်းလာကာ သမုဒ္ဒရာအတွင်း ပိုမိုပူနွေးလာမှုနှုန်းကို ပိုမိုမြင့်မားလေ့ရှိတာလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ယခုနှစ်အစောပိုင်းက နာဆာဟာ ဆောင်းရာသီမှာ အာတိတ်ပင်လယ်အတွင်း ရေခဲများ ကြီးထွားလာမှုကို တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source – CBS News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T