အရီဇိုးနား မိန်းကလေးတစ်ဦးဟာ အမေရိကန် အဆိုတော် ဆယ်လီနာ ရဲ့ အကျော်ကြားဆုံး ဂန္တဝင်သီချင်းတွေကို သီဆိုခဲ့တဲ့အတွက် ပရိသတ်တွေက သူမကို နောက်ထပ် "ဆယ်လီနာ" လို့တောင် ခေါ်ခဲ့ကြပါတယ်။ဆယ်လီနာ ရဲ့ သီချင်းတွေကို ဆိုထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာကြောင့်TikTok မှာ ရေပန်းစားလာခဲ့ပါတယ်။
Mariapaula Mazon လို့ခေါ်တဲ့ အဆိုပါ အသက် ၁၀ နှစ်အရွယ် မိန်းကလေးဟာ ပြီးခဲ့လက သူမဆိုထားခဲ့တဲ့ "Como la Flor "သီချင်း ဗီဒီယိုဟာ ကြည့်ရှုသူ ၅ သန်းကျော်သွားခဲ့ပါတယ်။ Mariapaula ဟာ အသက် ၂ အနှစ်အရွယ်ကတည်းက သီချင်းဆိုတာ ဝါသနာပါသူလေးလို့ သိရပါတယ်။
နောက်ပြီး အသက် ၄ နှစ်အရွယ်မှာ ဆယ်လီနာ ရဲ့ 'Bidi Bidi Bom Bom' သီချင်းကိုဆိုခဲ့ပြီး လူအများရဲ့ အားပေးချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။ သီချင်းဆိုရင်လည်း ဆယ်လီနာ သီချင်းတွေကိုပဲ သီဆိုတာ ဖြစ်ပြီး လက်ရှိမှာ ပဉ္စမတန်းကိုတက်ရောက်နေတယ်လို့ သိရပါတယ်။ သူမဟာ လာမည့်နိုဝင်ဘာလအစောပိုင်းမှာ New Mexico တွင် ဖျော်ဖြေသွားမှာဖြစ်သလို နိုဝင်ဘာ ၂၆ ရက်နေ့မှာလည်း Texas ပြည်နယ် San Antonio မှာပြုလုပ်မည့် Tejano Music Awards မှာလည်း ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - GMA