အမျိုးသမီးတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ Night out ထွက်ပြီး အရက်နှစ်ခွက်နဲ့ ကိုကင်းအနည်းငယ်သုံးပြီးနောက် နှလုံးဖောက်ကာ သေဆုံးသွားပါတယ်။ အသက်သုံးဆယ်ကျော်အရွယ် Amanda Peake အိမ်သာကိုအသုံးပြုပြီးနောက် Barnsley ရှိ KG Sports Bar မှာ တုံ့ပြန်မှုမရှိဘဲ လဲနေတာကို တွေ့ရှိခဲ့ရပါတယ်။ သူမရုတ်တရက်သေဆုံးမှုအား စစ်ဆေးခဲ့ပြီး ဘားအိမ်သာမှာ လူနှစ်ယောက် လဲကျပုံကို အသေးစိတ်ဖော်ပြထားပါတယ်။


ရဲများနှင့်အတူ အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းခဲ့ပြီး သူမအသက်ကို ကယ်တင်ရန် အပူတပြင်းကြိုးစားမှုဖြင့် CPR ကို စတင်ခဲ့ကြပြီး အရေးပေါ်ဝန်ဆောင်မှုများကို ခေါ်ဆိုခဲ့ကြပါတယ်။ Amanda ဟာ နှလုံးရောဂါနဲ့ မည်သို့နေထိုင်ကြောင်းနှင့် အချိန်မရွေး ကွယ်လွန်နိုင်တယ်ဆိုတာကို စစ်ဆေးသိရှိခဲ့ရပါတယ်။ YorkshireLive ရဲ့ ဖော်ပြချက်အရ သူမဟာ သူမနှလုံးရောဂါအခြေအနေကို သိမသိ မသေချာကြောင်း ပြောပြခဲ့ပါတယ်။ သူမသာ သိမယ်ဆိုရင် အရက်သောက်မယ်မိမယ်မထင်ပါဘူး။

Barnsley မှ Amanda ကို ဆေးရုံဆီ အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့်လည်း ဝမ်းနည်းစရာမှာ သူမအား ကယ်တင်ရန် ဆရာဝန်များ တတ်စွမ်းနိုင်ခဲ့ခြင်း မရှိတာကြောင့် တစ်နာရီအကြာ နံနက် ၁ နာရီ ၅၄ မိနစ်မှာ သေဆုံးသွားခဲ့ပါတယ်။ South Yorkshire Tanyka Rawden ရဲ့ လက်ထောက်အမှုစစ်ဆေးရေးအရာရှိက ကိုကင်းဟာ သူမသေဆုံးမှုအတွက် အဓိကတရားခံဖြစ်ပေမယ့်လည်း ဒါကြောင့်သေခဲ့တာမဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။ သူမမှာ အဓိကက နှလုံးရောဂါရှိနေခဲ့လို့ပါပဲ။

သတင်း အရင်းအမြစ်៖ Daily Star