ရုတ်တရက် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံပို့ဆောင်ခဲ့ရတဲ့ နဂါးနှစ်ကောင်ဆရာတော်ကြီး

//s9.kh1.co/e5/e537d95213eabebb4b687261d63eccb561cb1ccd.jpg
နေ့စဉ်သတင်းများ

 ၁၀-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ရုတ်တရက် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံပို့ဆောင်ခဲ့ရတဲ့ နဂါးနှစ်ကောင်ဆရာတော်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကြီးရဲ့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ နဂါးနှစ်ကောင်ဆရာတော်ကြီးကို ယမန်နေ့ သြဂုတ်လ ၉ ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကနေ တဆင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Photo Credit to Original Uploader 
Photo Credit to Original Uploader 

ဆရာတော်ကြီးက သြဂုတ်လ ၉ ရက်နေ့က ရုတ်တရက် အောက်ဆီဂျင်ထိုးကျ သွားခဲ့တာဖြစ်တာကြောင့် ညတွင်းချင်းမှာပဲ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှာရှိတဲ့ အစိုးရဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ တပည့်ဒကာများထံကနေ သိရပါတယ်။ နဂါးနှစ်ကောင်ဆရာတော်ကြီးက လက်ရှိမှာ သက်တော် ၉၃ နှစ် ဝါတော် ၇၃ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Photo Credit to Original Uploader 
Photo Credit to Original Uploader 

တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော်ကြီး သက်တော်ရှည် ကျန်းမာဖို့အတွက် အနယ်နယ်အရပ်အရပ်က ဒကာ ဒကာမများက ဝိုင်းဝန်း ဆုတောင်းပေးထားကြပါတယ်။  

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Photo Credit to Original Uploader 
Photo Credit to Original Uploader 
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T