ယနေ့ ဩဂုတ်လ(၈)ရက်နေ့ နံနက် (၃) နာရီခန့် အချိန်လောက်က ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ ချောင်းရေ အဆမတန်မြင့်တက်ကာ ရေဝင်လာတဲ့အတွက် အိမ်ခြေ အချို့ ကို အရေးပေါ် ပြောင်းရွေ့လိုက်ရတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ ချောင်းရေ အဆမတန် မြင့်တက်မှု ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ် ၊ မြို့မရပ်ကွက် ၊ နမ့်ကုန်ချောင်းမှာဖြစ်ပွားခဲ့ပြီး ၎င်း ရေမြင့်တက်မှု ကြောင့် မြို့မရပ်ကွက်ရှိ အိမ်ခြေ(၅၀)ခန့် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့တာပါ။
၎င်း ဖြစ်စဉ်ကြောင့် နေအိမ်တွေထဲရေဝင်ခဲ့ရပြီး ပြည်သူအချို့အဆင်မပြေဖြစ်ခဲ့ရတာကြောင့် နေရာရွှေ့ခဲ့ရတာဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း ပြင်ဦးလွင် နဲ့ တောင်ကြီး မှာ မဖြစ်စဖူး ရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့်လဲဆိုတာ သေချာမသိပေမယ့် ဒီနှစ်မှာရေကြီးမှုတွေ ပိုမိုများပြားလာပါတယ်။