ဂါဇာကမ်းမြောင်ဒေသမှာ သောကြာနေ့က အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အကြီးတန်းစစ်သွေးကြွတစ်ဦးအပါအဝင် လူရှစ်ဦးထက်မနည်း သေဆုံးကာ ၄၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောဆိုပါတယ်။ အစ္စရေးဟာ ယခုသီတင်းပတ် အစောပိုင်းက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အကြီးတန်းစစ်သွေးကြွတစ်ဦးကို ဖမ်းဆီးပြီးနောက် IS ဂျီဟတ်စစ်သွေးကြွအဖွဲ့အား ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာတော့ အသက် ၅ နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် လူ ရှစ်ဦး သေဆုံးပြီး အနည်းဆုံး ၄၄ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ ယခုလို ပစ်ခတ်တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် မေလတွင် အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ၁၁ ရက်ကြာ စစ်ပွဲအပြီး တစ်နှစ်ကျော်ကြာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ပါလက်စတိုင်းကို လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ရာအီလ် လာပိဒ်က ကြှနျုတောျတို့ရဲ့ တိုက်ခိုက်မှုဟာ ဂါဇာရှိပြည်သူများကိုမဟုတ်ဘဲ အစ္စရေးနိုင်ငံကို ဖျက်ဆီးပြီး အပြစ်မဲ့ အစ္စရေးများကို ရန်လိုနေတဲ့ အီရန်ရှိ အကြမ်းဖက်သမားများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - ABC NEWS