ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်၊ သူရဲ့ချစ်သူ၊ သူတို့ရဲ့ကလေးငယ်နဲ့ အခြားသုံးယောက်ဟာ အရက်မူးနေတဲ့ သူနာပြုတစ်ဦးကြောင့် ယာဉ်တိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အရှိန်မြင့်ယာဉ်တိမ်းမှောက်မှုဟာ ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီခန့်က Los Angeles ရှိ La Brea နှင့် Slauson လမ်းဆုံမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်အနီးမှာ မော်တော်ယာဉ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စောင့်ကြည့်စစ်ဆေးတဲ့ ဗီဒီယိုဖိုင်မှာ ဖော်ပြထားပါတယ်။
Asherey Ryan, 23 နှစ်, သူမရဲ့တစ်နှစ်အရွယ်ကလေး Alonzo Luchiano, မမွေးသေးတဲ့ကလေး, နဲ့ သူ့ရဲ့ဖခင် Renald ဟာအခင်းဖြစ်နေရာမှာ သေဆုံးသွားကြောင်း ကြေငြာခဲ့ပါတယ်။ သူတို့ကို ဝင်တိုက်မိချိန်မှာ Ryan ဟာ ကိုယ်ဝန် စစ်ဆေးဖို့ ဆရာဝန်ရဲ့ ချိန်းဆိုချက်နဲ့ သွားနေခြင်းဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ အလုပ်လုပ်နေတဲ့ တက္ကဆက်ရှိ သူနာပြုတစ်ဦးဖြစ်တဲ့ နီကိုးလ်လင်တန် (၃၇ နှစ်) ဟာ စုံစမ်းစစ်ဆေးသူများနှင့် သူမအလုပ်လုပ်နေတဲ့ ဆေးရုံဆီ ပို့ဆောင်ခံခဲ့ရကြောင်း ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်များက လော့စ်အိန်ဂျလိစ်တိုင်းမ်စ်ကို သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Ryan သေဆုံးချိန်မှာ ကိုယ်ဝန် ၈ လခွဲ ရှိေနပါပြီ။ ယာဉ်တိမ်းမှောက်မှုကြောင့် အခြားလူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ လင်တန်ကို လော့စ်အိန်ဂျလိစ်ကောင်တီခရိုင်ရှေ့နေက တနင်္လာနေ့မှာ စွဲချက်တင်ရန် စီစဉ်ထားပါတယ်။ သူမရဲ့စွဲချက်မှာ မမွေးသေးတဲ့ကလေးနှင့် အခြားလူခြောက်ဦးကို သတ်ဖြတ်ခြင်းလည်း ပါဝင်နိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Metro