ကြာသပတေးနေ့ညက အိမ်ဖြူတော်အနီးမှာ မိုးကြိုးပစ်ခံရပြီး မင်္ဂလာနှစ်ပတ်လည်ကျင်းပနေတဲ့ Wisconsin နေထိုင်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ တတိယမြောက် အပစ်ခံရတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း အခင်းဖြစ်နေရာပင် သေဆုံးသွားခဲ့တဲ့အပြင် စတုတ္ထမြောက်လူမှလည်း စိုးရိမ်ရသည့်အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ရှေ့ရှိ Lafayette ပန်းခြံမှာ မိုးကြိုးပစ်ခတ်ခံရတဲ့ Wisconsin ပြည်နယ် Janesville မှ အသက် ၇၆ နှစ်အရွယ် James Mueller နှင့် ၇၅ နှစ်အရွယ် Donna Mueller တို့ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့မှာ အတည်ပြုပါတယ်။ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ (၅၆) နှစ်မြောက် သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ကျင်းပရန် ဝါရှင်တန်ကိုရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

မိုးကြိုးမပစ်ခင်မှာ သူတို့တွေဘာလုပ်လဲ၊ ပန်းခြံထဲမှာ ဘာ့ကြောင့်လာနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယူနီဖောင်းဝတ် U.S Park ရဲအရာရှိများနှင့် လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ဝင်များကလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး သေဆုံးသူများကို ချက်ချင်းအကူအညီပေးခဲ့ကြောင်း EMS အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အမျိုးသားမိုးလေဝသဌာနက အဆိုပါဒေသအတွက် ကြာသပတေးနေ့ညနေပိုင်းက ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ် ။

သတင်း အရင်းအမြစ်៖ Source - ABC News