ကမ္ဘာ့ အပူဆုံးနှင့် အခြောက်သွေ့ဆုံးနေရာမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်

//s9.kh1.co/24/2447aa6fb2c170d7747642690871f4e597bc8653.jpg
နေ့စဉ်သတင်းများ

 ၀၆-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော တစ်နှစ် က

ကမ္ဘ့ာ အပူဆုံးနှင့် အခြောက်သွေ့ဆုံးနေရာမှာ ရေကြီးရေလျှံမှုဖြစ်ပေါ်

ကမ္ဘာပေါ်မှာ အပူဆုံးနှင့် အခြောက်သွေ့ဆုံးနေရာများဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် မရဏတောင်ကြားရှိ အမျိုးသားဥယျာဉ်မှာ စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြလာပါတယ်။ သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ် Death Valley အမျိုးသားဥယျာဉ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုကြောင့် လူပေါင်း ၁၀၀၀ နီးပါးသောင်တင်ခဲ့လို့ ပန်းခြံကို ယာယီပိတ်ခဲ့ရပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

ဒါ့အပြင် ပန်းခြံရုံးချုပ်အနီးရှိ သမိုင်းဝင် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်တဲ့ Death Valley မှာ ၆၀ ရာခိုင်နှုန်းလောက် ရေနစ်မြုပ်ပျက်စီးသွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် Death Valley ရဲ့ အဝင်အထွက်လမ်းများအားလုံးကို ပိတ်ထားတာကြောင့် ဧည့်သည် ၅၀၀ နှင့် ပန်းခြံဝန်ထမ်း ၅၀၀ ခန့်ဟာ ပန်းခြံမှ ထွက်ခွာနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters
Photo Credit - Reuters

နောက်ပြီး ပန်းခြံနေထိုင်သူများနှင့် ရုံးခန်းများအတွက် ဝန်ဆောင်မှုပေးတဲ့ ရေသန့်စင်စနစ်တစ်ခု ပျက်ယွင်းသွားခဲ့ပါတယ်။ ယခင်တုန်းကလည်း အဆိုပါနေရာမှာ မိုးရေချိန် ၁.၄၆ လက်မ (၃.၇ စင်တီမီတာ) ခန့် းသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး‌ ရေလျှံမှုရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ၁၉၈၈ ခုနှစ် မိုးရွာသွန်းမှုမှ တိုင်းတာချက်မှာ ၁.၄၇ လက်မလောက်ရှိပါတယ်။ ပန်းခြံဟာ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန်၂.၂ လက်မရှိပြီး ကမ္ဘာပေါ်မှာ ၁၃၄ ဒီဂရီဖာရင်ဟိုက် (၅၆.၇ ဒီဂရီစင်တီဂရိတ်) ဖြင့် အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters

သတင်း အရင်းအမြစ်Source - Reuters

Zin Myo
Zin Myo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T