တောင်ကိုးရီးယားရဲ့ ပထမဆုံး လကမ္ဘာကို လေ့လာစူးစမ်းမယ့် အာကာသယာဉ်ကို ကြာသပတေးနေ့ (သြဂုတ် ၄ ရက်) က အမေရိကန်မှ လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး လကမ္ဘာမှာ စူးစမ်းလေ့လာဖို့အတွက် တစ်နှစ်တာ မစ်ရှင်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အာကာသယာဉ်ကို Danuri လို့အမည်ပေးထားပြီး အာကာသယာဉ်ကုမ္ပဏီ SpaceX မှ ဖလော်ရီဒါပြည်နယ် Cape Canaveral ရှိ Falcon 9 ဒုံးပျံဖြင့် သယ်ဆောင်သွားခဲ့တာဖြစ်ကာ ဒီဇင်ဘာလလယ်လောက်မှာ လကိုရောက်ရှိသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ "ဒါဟာ ကိုးရီးယား အာကာသ စူးစမ်းလေ့လာရေး သမိုင်းမှာ အလွန် အရေးပါတဲ့ မှတ်တိုင် တစ်ခုပါ" လို့ Korea Aerospace Research Institute ရဲ့ ဥက္ကဌ ဖြစ်သူ Lee Sang-ryool က လွှတ်တင်ခြင်း မပြုမီ ပြသထား ဗီဒီယို တစ်ခုတွင် ပြောကြားခဲ့ ပါတယ်။


Danuri ရဲ့ တစ်နှစ်တာ ခရီးစဉ်အတွင်း NASA မှ ပံ့ပိုးပေးထားတဲ့ အထိခိုက်မခံတဲ့ ကင်မရာ အပါအဝင် မတူညီတဲ့ တူရိယာခြောက်ခုကို အသုံးပြုမည်ဖြစ်ပြီး၊ အနာဂတ် မစ်ရှင်များအတွက် ဖြစ်နိုင်ချေရှိ ဆင်းသက်မယ့်နေရာများကို ရှာဖွေဖော်ထုတ်ဖို့ အတွက် လမျက်နှာပြင်ကို စုံစမ်းစစ်ဆေးခြင်းအပါအဝင် သုတေသနပြုလုပ်သွားမှာလို့ သိရပါတယ်။

ယခုလို လကမ္ဘာကိုလွှတ်တင်နိုင်ဖို့ Danuri အာကာသယာဉ်ကို ခုနစ်နှစ်ကြာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သိပ္ပံပညာရှင်များရဲ့ ရည်မှန်းချက်က ၂၀၃၀ ခုနှစ်လောက်မှာ လကမ္ဘာပေါ် အဓိက အခြေချနိုင်ဖို့ ပဲဖြစ်ပါတယ်။ တကယ်လို့ ဒီမစ်ရှင် အောင်မြင်ခဲ့ရင် တောင်ကိုရီးယားဟာ လကို မောင်းသူမဲ့ စူးစမ်းလေ့လာရေး လွှတ်တင်တဲ့ ကမ္ဘာပေါ်မှာ သတ္တမမြောက်နိုင်ငံ ဖြစ်လာမှာပါ။

သတင်း အရင်းအမြစ်៖ Source - CNA