အသက် ၆ နှစ်မှာတင် ကိုယ်ပိုင်အိမ်ကြီးနဲ့ Lamborghini ကိုပိုင်နေပြီဖြစ်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေးလေး

//s9.kh1.co/23/23bc08f06b23f05f82721512b88e56413c7c1d35.jpg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကိုယ်ပိုင်ဂျက်လေယာဉ်တောင်မှ ပိုင်ဆိုင်တဲ့ ဒီကလေးဟာ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

နိုင်ဂျီးရီးယားရှိ လူငယ်တစ်‌ယောက်ဟာ အသက်ခြောက်နှစ်သားအရွယ်ကတည်းက သူ့ရဲ့ ပထမဆုံးအိမ်ကြီးကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဇိမ်ကျကျနေထိုင်လျက်ရှိပါတယ်။ သင့် CD အခွေအတွက် ပိုက်ဆံစ‌ု‌နေချိန်မှာ ဒီကလေးဟာ Supercar များစွာကို ဝယ်ယူနေပြီ ဖြစ်ပါတယ်။ Mompha Junior လို့လူသိများတဲ့ Muhammed Awal Mustapha ဟာ ဒီဇိုင်နာအဝတ်အစားများဝတ်ဆင်တာမျိုးတွေ ကိုယ်ပိုင်ဂျက်လေယာဉ်‌‌ပေါ်မှာ အစားစားတာ‌တွေကို သူ့ရဲ့ Instagram ဓာတ်ပုံများမှာ မြင်တွေ့နိုင်ပါတယ်။

https://s9.kh1.co/__image/w=648,h=810,q=100/d2/d27b63dc6c7a5520f64bab28e5dc1b96f1f2f664.jpg

ဒါဟာ Mompha အမည်နဲ့ ကျော်ကြားတဲ့ နိုင်ဂျီးရီးယား သန်းကြွယ်သူဌေး အင်တာနက် ကျော်ကြားသူ Ismailia Mustapha ရဲ့သားဖြစ်ပြီး Instagram မှာ Follower 1.2 သန်းရှိပါတယ်။ သူ့ရဲ့အဖေက Mompha Jr ကို 2019 ခုနှစ်မှာ သူ့ရဲ့ခြောက်နှစ်ပြည့်မွေးနေ့ကျင်းပဖို့ သူ့ရဲ့ပထမဆုံးအိမ်ကြီးကို ဝယ်ယူ‌ပေးခဲ့ပါတယ်။ နှစ်များတစ်လျှောက် ယခု 10 နှစ်ရှိပြီးဖြစ်တဲ့ Mompha Jr ဟာ Instagram မှာ သူရဲ့ Follower များကို ခမ်းနားတဲ့ ဘဝပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=648,h=810,q=100/8f/8f96758a9f265920e22aaa03ae1a923c5cd024fc.jpg

2019 ခုနှစ်မှာ တင်ထားတဲ့ပုံမှာ သူဟာ Versace တီရှပ်နှင့် တန်ဖိုးကြီး နေကာမျက်မှန်များအပါအဝင် ဒီဇိုင်နာအဝတ်အစားများဝတ်ဆင်ထားတဲ့ အနီရောင် Lamborghini Aventador ရှေ့မှာ ရပ်နေတာ‌မြင်ရမှာပါ။ “Happy birthday to me” လို့ ပို့စ်မှာ ရေးသားထားပါတယ်။ The Sun ရဲ့ အဆိုအရ Mompha ဟာ Lagos ရှိ ပြောင်းလဲမှု ဗျူရိုတစ်ခုမှ သူ့ရဲ့ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ရယူခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများဆီ ပြောင်းရွှေ့ခဲ့ပါတယ်တဲ့။ Mirror မှ ဖော်ပြချက်အရ သူ့မှာ အသားတင်ပိုင်ဆိုင်မှု ပေါင် ၁၂ သန်းကျော်သာ ရှိကြောင်း နိုင်ဂျီးရီးယား Naira ကို ပြောင်းလဲလိုက်လာတဲ့အခါမှာ သူ့ရဲ့ ကြွယ်ဝမှုဟာ ခြောက်ဘီလီယံကျော် ရှိကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/c2/c26988dd985a3837b2d7568ca91c006f374f8c7b.webp

ယခုနှစ်အစောပိုင်းမှာ ပေါင် 10 သန်းကျော်ခဝါချမှုဖြင့် စွပ်စွဲခံရပြီးနောက် ပြစ်မှုဆိုင်ရာစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ဇိမ်ခံနာရီများအပါအဝင် 'ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းများ' မှာ သူရဲ့ချမ်းသာကြွယ်ဝမှုကို နိုင်ဂျီးရီးယားရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီက ဇန်နဝါရီလတုန်းက တရားရုံးကြားနာမှုမှာ တိုင်ကြားခဲ‌့ကြောင်း သတင်းစာကဖော်ပြခဲ့ပါတယ်။ ရုံးချိန်းစောင့်ဆိုင်းရန် အကျဉ်းချခံထားရပြီးနောက် ပေါင် ၃၅၀,၀၀၀ (ဒေါ်လာ ၄၆၉,၀၀၀) ပေးပြီး အာမခံနဲ့ သူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ Mompha ရဲ့ ရှေ့နေ Gboyega Oyewole က တရားခံဟာ အာမခံပေးရန် ဘယ်တော့မှ မပေးပဲမနေကြောင်း သို့မဟုတ် သူ့ရဲ့ ရုံးတင်စစ်ဆေးတဲ့ရက်ကို ဘယ်သောအခါမှ မလွတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=648,h=810,q=100/c5/c5013487044bbdd2f3ef86681f94a89cbefd8e85.jpg

သတင်း အရင်းအမြစ်LADbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T