ထိုင်းမှာ နိုက်ကလပ် မီးလောင်မှုကြောင့် လူ ၁၃ ဦးထိ သေဆုံး

//s9.kh1.co/d0/d078cb0c14aa491b89181c466dff5e700c70b95e.jpg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းနိုင်ငံ Chon Buri ပြည်နယ်ရှိ နာမည်ကြီး Mountain B ညကလပ်မှာ ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြလာခဲ့ပါတယ်။ အဲ့ညက ကလပ်အတွင်းမှာ လူ ၅၀ ကေျာ်ရှိခဲပြီး ရုတ်တရက် မီးထလောင်ရာမှာ အခင်းဖြစ်ပွားရာနေရာကတော့ ထွက်ပြေးဖို့ ကြိုးစားကြပေမယ့် အရှေ့ဘက်မှာ တံခါးတစ်ပေါက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - thaiger
Photo Credit - thaiger
Photo Credit - thaiger
Photo Credit - thaiger

သေဆုံးသူများကတော့ ကလပ်မှ အပြေးအလွှားထွက်ဖို့ကြိုးစားရင်း တံခါးဝမှာ သေဆုံးနေကြတာ ဖြစ်ပါတယ်။ မီးသတ်သမားတွေရဲ့ ထုတ်ပြန်ချက်အရ ကလပ်အတွင်းမှာ မီးလောင်လွယ်ကူတဲ့ ပစ္စည်းတွေ ပါရှိပြီး အဆောက်အဦးကို မီးငြှိမ်းသတ်နိုင်ဖို့ ၂ နာရီကျော် အချိန်ယူခဲ့ရကြောင်း ၊ အခင်းဖြစ်ပွားရာနေရာမှာ လူ ၁၃ ဦးသေဆုံးပြီး အမျိုးသားကိုးဦးနှင့် အမျိုးသမီး လေးဦးနှင့် ဒဏ်ရာရရှိသူ ၄၀ ကျော်ကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ဖော်ပြခဲ့ပါတယ်။

Photo Credit - thaiger
Photo Credit - thaiger

Chon Buri ခရိုင်အုပ်ချုပ်ရေးမှူး Pakkathorn Tienchai က သေဆုံးသူတွေကို လျော်ကြေးငွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒဏ်ရာရရှိသူများကို ဘတ်ငွေ ၄၀၀၀၊ မီးဘေးဒုက္ခသည် ၁၃၃၀၀ ဘတ်နှင့် သေဆုံးသူများရဲ့ မိသားစုများကိုိုဘတ်ငွေ ၂၉၇၀၀ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ ပြီးတော့ အဲ့ကလပ်ဟာ တရားမဝင်ဖွင့်လှစ်ထားတာ‌ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit - thaiger
Photo Credit - thaiger
Photo Credit - thaiger
Photo Credit - thaiger

သတင်း အရင်းအမြစ် Source -thaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T