The Joker ကားထဲက ဂျိုကာလိုမျိုးပဲ မထင်ရင် မထင်သလို ရယ်တတ်တဲ့အခြေအနေနဲ့ အမျိုးသားတစ်ဦးဟာ တခြားလူတွေထက်ကို ပိုဆိုးဝါးတဲ့အခြေအနေတွေ ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ၊ Virgin Beach မှ Scott Lotan ဟာ ငယ်စဉ်က စကော့တလန်ရှိ အေးခဲတဲ့မြစ်ထဲကို ပြုတ်ကျခဲ့ဖူးပါတယ်။ ဘယ်လိုလွတ်မြောက်ခဲ့တာကို မသိရှိပေမယ့်လည်း သူဟာ တစ်မိုင်မှာ လေးပုံတစ်ပုံခန့်ရှိတဲ့ ရေအောက် ရေထဲမှ အံ့ဖွယ်နည်းဖြင့် ထွက်ပေါ်လာခဲ့သူပါ။ ဒါဟာ Scott အတွက် သေလုမျောပါး အတွေ့အကြုံများစွာထဲမှ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


၂၀၀၁ ခုနှစ်မှာ သူဟာ Multiple sclerosis (MS) ကို စစ်ဆေးတွေ့ရှိခဲ့ပြီး 10 မိနစ်အထိ ရယ်မောရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ Scott အတွက် အထူးနေ့တစ်နေ့ဟာ ရုတ်တရက် အိပ်မက်ဆိုးကြီး ဖြစ်သွားစေတတ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းကလိုမျိုး အသင့်တော်ဆုံးအချိန်တွေမှာ ဒီရယ်မောခြင်းတွေဟာ မကြာခဏ ဖြစ်ပေါ်လာတတ်ပါတယ်။ အသက် ၅၀ ရှိပြီဖြစ်တဲ့သူဟာ တခါတုန်းက သူ့ရဲ့စေ့စပ်ပွဲကနေအပြန်လမ်းမှာ အမူးသမား ကားတိုက်သွားလို့ စေ့စပ်ထားတဲ့သူရဲ့အမျိုးသမီးဟာ သေသွားခဲ့ရပါတယ်။ အသုဘမှာ သူရဲ့ရောဂါကြောင့် ထရယ်မိတော့ ရဲတွေက မေးခွန်းထုတ် စစ်ဆေးမေးမြန်ခဲ့ပါတယ်။ သူရဲ့ သတို့သမီးလောင်းသေပြီး ၃ ရက်အကြာမှာ သူ့အမေဟာ သေသွားခဲ့ပါတယ်။

Scott ဟာ ဒီဆိုးရွားလှသောဆုံးရှုံးမှုမှ ပြန်လည်ရုန်းထနိုင်ခဲ့ပြီး မိသားစုတစ်ခုတည်ဆောက်နိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်က သူ့ထံမှ အရာအားလုံးနီးပါး လုယူသွားခံခဲ့ရပါတယ်။ ကွန်ရက်ဗိသုကာတစ်ဦးအဖြစ်အလုပ်လုပ်တဲ့ ကလေးနှစ်ယောက်အဖေ Scott ဟာ Covid-19 ကိုတိုက်ဖျက်ခဲ့ပြီးသူရဲ့ quarantine ကာလပြီးဆုံးတာနဲ့ သူရဲ့ခုခံအားစနစ်ကိုနိမ့်ကျစေတဲ့ MS infusion ရရှိခဲ့ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ညတစ်ညမှာ အိပ်ပျော်ပြီးနောက် Scott ဟာ ဆေးလိပ်နံ့ရခဲ့ပါတယ်။ အိမ်အောက်ဆင်းတော့ မီးလောင်နေတာကို တွေ့လိုက်ရတာမို့ မိသားစုတွေ အိမ်ထဲကနေ ထွက်ပြေးခဲ့ရပါတယ်။


လမ်းပေါ်ကနေ သူတို့တွေ ၆ နှစ်လောက်နေခဲ့တဲ့ အိမ်ကြီး မီးလောင်ပြာကျသွားတာကို ကြည့်နေရပါတယ်။ အဲ့ချိန်မှာ ထရယ်မိသေးလို့ သူဟာ လာကူညီပေးတဲ့ အိမ်နီးနားချင်းတွေနဲ့ မီးသတ်သမားတွေကို သေချာရှင်းပြခဲ့ရပါသေးတယ်။ ဒီလူရဲ့ဘဝဟာ တော်တော်ဆိုးဝါးခဲ့ပြီး ကံဆိုးမှုတွေနဲ့ပဲ ကြုံတွေ့ခဲ့ရပါတယ်။ ခုတော့မိသားစုဟာ ဟိုတယ်မှာ နေထိုင်နေပါတယ်။


သတင်း အရင်းအမြစ်៖ LADbible