လူစုလူဝေး ဖြစ်နေတဲ့အတွက် ရန်ကုန်မှာ ဂျပန်စာဖြေဆိုရန် လျှောက်လွှာရောင်းချမှု ရပ်ဆိုင်း

//s9.kh1.co/31/31ce14e02a1b4bae2d0ba4391c4a1fa8dc520de0.jpg
နေ့စဉ်သတင်းများ

 ၀၅-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

မနက်(၄)နာရီလောက်တည်းက လူပေါင်း(၅၀၀၀)ခန့် တန်းစီနေပြီး....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လူစုလူဝေး ဖြစ်ပေါ်တယ်လို့ ဆိုကာ (၂၀၂၂)ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ JLPT အတွက် ရန်ကုန်စာဖြေဌာန ‌မှာ လျှောက်လွှာရောင်းချခြင်း အား ရပ်ဆိုင်းလိုက်တယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ထုတ်ပြန်လိုက်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယနေ့ ဩဂုတ်လ(၅)ရက်နေ့မှာ ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများစတင်ရောင်းချမယ်ဖြစ်ကြောင်းကြေညာထားခဲ့တဲ့အတွက် ယနေ့ နံနက် (၅)နာရီ အချိန်မှာ စာမေးပွဲဖောင်ဝယ်ရန်အတွက် လာရောက်တန်းစီသူ ခန့်မှန်းဦးရေ (၅၀၀၀) ဦးခန့်ရှိခဲ့ပါတယ်။ အဆိုပါလူအုပ်ကြောင့် လူစုလူဝေး စုနေကြသလိုဖြစ်နေတဲ့အတွက် လျှောက်လွှာရောင်းချရန် ခက်ခဲနေတဲ့ အခြေအနေဖြစ်ပေါ်နေတယ်လို့ဆိုကာ N4 Level လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

Photo Credit From Original Uploader
Photo Credit From Original Uploader

လတ်တလော မှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာများအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည် ဖြစ်ပြီး အဆိုပါစာမေးပွဲအတွက် လျှောက်ထားခြင်းနဲ့ ပတ်သက်၍ အသေးစိတ်အား ထပ်မံကြေငြာသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T