ရန်ကုန်တိုင်းဒေသကြီးမှ တဆင့် နယ်ကျော်ကာ တခြား နယ်မြို့များသို့ ပစ္စည်းများ ပို့ဆောင်ခွင့်မရှိတော့ဘူး လို့ သိရပါတယ်။ Express ကားများ အားလုံး ကို ယနေ့မှစ၍ လူမဲ့တန်ဆာလက်မခံတော့ဘူးလို့ ကြေညာချက်ထွက်လာတယ်လို့ သိရပါတယ်။

အဓိပ္ပာယ်ကတော့ ပို့ဆောင်သူပိုင်ရှင်ပါဝင်ခြင်းမရှိတဲ့ လူမဲ့ တန်ဆာပစ္စည်းများကို အောင်မင်္ဂလာအဝေးပြေး ၊ အောင်ဆန်းကွင်း အစရှိတဲ့ ကားဂိတ်တွေကနေ မြို့ကျော်နယ်ကျော်ပစ္စည်းတွေပို့ဆောင်လို့ရတော့မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါကြောင့်မို့ တရားဝင်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ Delivery Service များကိုသာ အားကိုးရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် အောင်ဆန်းကွင်းမှာရှိတဲ့ဆိုင်ခန်းများ ကားဂိတ်များအားလုံးကို မနက်ဖြန် ဩဂုတ်လ(၅)ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိပိတ်သိမ်းရမယ်လို့လဲ သတင်းထွက်နေပါတယ်။ ဘာကြောင့်ပိတ်လဲဆိုတဲ့အကြောင်းရင်းကိုတော့ ခုထိ ကြေညာခြင်းမရှိပါဘူး။
