သိပ်မကြာခင်က ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်နဲ့အတူ စီးပွားရေး အဆင်မပြေမှုများ စတင်ဖြစ်ပေါ်လာကြပြီး ဒေါ်လာစျေး အဆမတန် မြင့်တက်လာမှုများ ဆက်တိုက်ဆိုသလို ဈေးကွက်အတွင်း ဖြစ်ပွားလာပြီး ငွေကြေးဖောင်းပွလာခဲ့ပါတယ်။

ရွှေဈေးနဲ့ဒေါ်လာဈေး အဆမတန်မြင့်တက်လာတာနဲ့အမျှ ထိုင်းဘတ်ငွေ တန်ဖိုးမှာလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။ ယင်း ဖြစ်စဉ်ကြောင့် ထိုင်း- မြန်မာ ကုန် သည် အချို့နဲ့ Online Shop လုပ်သူတချို့အနေနဲ့ လတ်တလောမှာ လုပ်ငန်းတွေခေတ္တရပ်နားထားရကြောင်း သိရပါတယ်။

ယနေ့ ဩဂုတ်လ(၄)ရက်နေ့ ညနေ တင်ပြချက်များအရ ထိုင်းဘတ်တစ်ဘတ်လျှင် မြန်မာငွေ (၇၂) ကျပ်နီးပါး ရှိနေပြီဖြစ်သောကြောင့် ထိုင်းနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လျက်ရှိတဲ့အပြင် သွင်းကုန်ပို့ကုန်အရောင်းအဝယ်သမားများ အခက်အခဲကြုံတွေ့နေတာဖြစ်တယ်လို့ သိရပါတယ်။
