ဘရာဇီးလ်မှာ ဦးခေါင်းဆက် အမြွှာနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့

//s9.kh1.co/f1/f1d1bddbc82416fe64a35859dcea493ffa089622.jpg
နေ့စဉ်သတင်းများ

 ၀၃-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဘရာဇီးလ်မှာ ဦးခေါင်းဆက်မွေးဖွားလာတဲ့ အမြွှာကိုနှစ်ဦးကို ခွဲစိတ်ကုသရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃ နှစ်အရွယ်Arthur နဲ့ Bernardo Lima တို့ဟာ ၂၀၁၈ ခုနှစ်မှာ ဘရာဇီးမြောက်ပိုင်း ကျေးလက်ဒေသမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ဦးဏှောက် ရဲ့ အစိတ်အပိုင်းနှင့် နှလုံးဆီ သွေးပြန်သယ်ပေးတဲ့ ပင်မသွေးကြော တစ်ခုနဲ့ ဆက်နေတယ်လို့ ဆိုပါတယ်။

Photo Credit - Reuters
Photo Credit - Reuters

အမြွှာနှစ်ယောက်ဟာ Paulo Niemeyer ပြည်နယ်ရှိ Brain Institute နဲ့ Gemini Untwined တို့ရဲ့ ရီယိုဒီဂျနေးရိုမှာ လုပ်ငန်းတော်တော်များများ လုပ်ခဲ့ပါတယ်။ CT နဲ့ MRI scans တွေကို အခြေခံထားတဲ့ အမြွှာပူးလေးနှစ်ယောက်ရဲ့ Virtual reality projection တွေကိုလည်း လပေါင်းများစွာ သုတေသနပြုခြင်း ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီနောက် ယခုလို အောင်အောင်မြင်မြင်နဲ့ ကလေးတွေကို ခွဲစိတ်ကုသခဲ့တာပါ။

Photo Credit - Reuters
Photo Credit - Reuters

ကလေးတွေရဲ့ ဦးခေါင်းကို ၂၇ နာရီကြာ ဆရာဝန်တွေက ‌အကောင်းဆုံးခွဲစိတ်ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။ ဦးခေါင်းခွဲစိတ်မှုအောင်မြင်သွားခဲ့ပေမယ့် ကလေးတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် ဆေးရုံမှာ ၆ လတာ နေသွားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Arthur နဲ့ Bernardo Lima တို့ အမြွှာညီအစ်ကို နှစ်ဦးဟာ ကျန်းမာရေးကောင်းမွန်ပြီး ကုတင်ပေါ်မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် အိပ်နိုင်ခဲ့ကြပါပြီဖြစ်ပါတယ်။

Photo Credit - Reuters
Photo Credit - Reuters

Arthur နှင့် Bernardo တို့ဟာ ဦးခေါင်းဆက်ခွဲစိတ်မှုမှာ အသက်အကြီးဆုံး craniopagus အမြွှာဖြစ်ပါတယ်။ ‌ဒေါက်တာ Gemini Untwined အဆိုအရ မွေးဖွားခဲ့တဲ့ ၆ သောင်းအနက် တစ်ဦးမှာ အမြွှာပူးဖြစ်လာပြီး ၎င်းတို့အနက် ၅ ရာခိုင်နှုန်းမှာ ဦး‌ခေါင်းဆက်အမြွှာတွေဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit - Reuters
Photo Credit - Reuters

သတင်း အရင်းအမြစ်Source - Reuters

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T