မနေ့က ဝင်ဘလေကွင်းမှာ အမျိုးသမီး ဥရောပချန်ပီယံရှစ် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ အင်္ဂလန်နှင့် ဂျာမနီ အသင်းတို့ပွဲစဉ်မှာ လာရောက်ကြည့်ရှုသူ ပရိသတ် ၈၇၁၉၂ ဦးထိရှိခဲ့တာကြောင့် အရင်က စံချိန်တင်ထားထက်တောင် အမြင့်ဆုံးကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။


အမျိုးသမီးယူရိုပြိုင်ပွဲအတွက် ယခင်စံချိန်ဟာ ယခုလအစောပိုင်းက အိမ်ရှင်အင်္ဂလန်နှင့် သြစတြီးယားတို့ ယှဉ်ပြိုင်ကစားမည့် အိုးထရက်ဖို့ဒ်မှာ ကြည့်ရှုသူ ပရိသတ် ၆၈၈၇၁ ဦးထိ စံချိန်တင်ခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲတွေမှာ စံချိန်တင်ခဲ့နှစ်ကတော့ ၁၉၆၄ ခုနှစ်ကဖြစ်ပြီး အဲ့ဒီတုန်းက ကြည့်ရှုသူ ပရိသတ် ၇၉၁၁၅ ဦး ရှိခဲ့ပါတယ် ။ မက်ဒရစ်မြို့ ဆန်တီယာဂို ဘာနေဗျူးမှာ အိမ်ရှင်စပိန်နဲ့ ဆိုဗီယက်ယူနီယံတို့ရဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။



မနှစ်က အင်္ဂလန်နဲ့ အီတလီအသင်းတို့ရဲ့ ယူရိုဗိုလ်လုပွဲကို ဝင်ဘလေမှာကျင်းပခဲ့ရာမှာ COVID-19 ကပ်ရောဂါကြောင့် ပရိသတ် ၆၇၀၀၀ လျော့သွားခဲ့တာဖြစ်ပါတယ်။ ယခုပြိုင်ပွဲအတွက် လရောက်ကြည့်ရှုသူ စုစုပေါင်း ၅၇၄,၈၇၄ ရှိပြီး ဒါဟာ၂၀၁၇ ခုနှစ်က နယ်သာလန်မှာ သတ်မှတ်ထားတဲ့ ယခင်စံချိန် ၂၄၀၀၅၅ ထက် နှစ်ဆပိုများခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၂၀၂၂ ဥရောပချန်ပီယံရှစ်ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက ဂျာမနီကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဒါဟာ သူတို့အတွက်ပထမဆုံး အမျိုးသမီးဘောလုံးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Reuters