မိမိရဲ့ အလဲထိုးချက်နဲ့ သေသွားရတဲ့ ပြိုင်ဘက်ကြောင့် အားကစားလောကမှ ထွက်ခွာသွားတဲ့ မွေထိုင်းလက်ဝှေ့သမား

//s9.kh1.co/45/45c1a4d1eceebb4d3b3aadda970a861993c1d51d.jpg
အားကစားသတင်းများ

 ၂၈-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

သူရဲ့တံတောင်းရိုက်ချက်ကို ပြိုင်ဘက်က နှစ်ချီ ဆက်ခံခဲ့ရပြီး.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မွေထိုင်းလက်ဝှေ့သမားတစ်ယောက်ဟာ သူ့ရဲပြိုင်ဘက်ဟာ အလဲထိုးခံရပြီးနောက် သေဆုံးသွားတာမို့ သူ့အနေနဲ့ အနားယူကြောင်းကြေငြာခဲ့ပါတယ်။ ပြင်သစ်ဖိုက်တာ Anthony Durand (အန်တိုနီ ဒူရက်) ဟာ ထိုင်းဖိုက်တာ Phanphet Phadungchai (ဖန်ဖက် ဖာဒေါင်ချမ်း) နဲ့ ဇူလိုင် ၁၅ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ Muay Thai Fighter X ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/26/26e538fa7a3b31b6560b8fa99af2d347c7374e09.webp
https://s9.kh1.co/__image/w=650,h=361,q=100/f1/f15ec505ac838931cdd92d3a1e1563037239f1be.png

သူတို့နှစ‌်‌ယောကိဟာ Pathum Thani ပြည်နယ်ရှိ Thupatemi လေတပ်လက်ဝှေ့အားကစားရုံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ပဉ္စမနှင့် နောက်ဆုံးအချီအထိ တံတောင်ရိုက်ချက်ဖြင့် ထိမှန်ပြီး Phadungchai ဟာ မြေပြင်ပေါ်ကို လဲကျသွားခဲ့ရပါတယ်။ ‌မြေကြီးပေါ်ရောက်ချိန်မှာ သတိလစ်သွားပြီးနောက် Durand ရဲ့ ပြိုင်ဘက်ကို ဘန်ကောက်ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ကြပါတယ်။ အဲ့နောက် ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက်သေသွားကြောင်း တွေ့ရှိခဲ့ရပါတယ်။

Anthony Durand
Anthony Durand

Phadungchai ဟာ ဇူလိုင် ၂၃ ရက် စနေနေ့မှာ ဝမ်းနည်းစွာ ကွယ်လွန်သွားခြင်း မပြုမီ တစ်ပတ်ကျော်ကြာ အသက်ရှုကိရိယာဖြင့် အသက်ရှင်နေခဲ့ရပါတယ်။ Durand ဟာ ယခုသေဆုံးမှုအတွက် တစ်စိတ်တစ်ပိုင်းတာဝန်ရှိကြောင်း ခံစားရတာမို့ အားကစား‌လောကမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ သူအနေနဲ့လည်း စိတ်မကောင်းဖြစ်ရကြောင်း ဒီပွဲဟာ သူရဲ့ ၂၈ ပွဲမြောက်ဖြစ်ပြီး နောက်ဆုံးပွဲလည်းဖြစ်ကြောင်း သူထိပ်ကိုရောက်ဖို့အတွက် လူများစွာက စတေးခံကြောင်း စသဖြင့် Facebook မှာ ရေးတင်ခဲ့ပြီး အားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။

 Phanphet Phadungchai
Phanphet Phadungchai

သတင်း အရင်းအမြစ်LADbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T