တာချီလိတ်မြို့ က ပီဇာဆိုင်တစ်ဆိုင် မှာ ပုံမှန်မဟုတ်တဲ့ အပူချိန်လွန်ကဲမှုဖြစ်ပေါ်နေ

//s9.kh1.co/61/612a763873b678ca326c3ce107e0033f49f04876.jpg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ကြမ်းခင်းတစ်ခုပဲ ကွက်ပူနေတဲ့အတွက် မြေအောက်ဖက်သို့တူးကြည့်ရာ ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့နယ် ရှိ ပီဇာဆိုင်တစ်ဆိုင် မှာ အပူချိန်ပြင်းသဖြင့် အခန်း​၏ ကြမ်းခင်းမြေအောက်ဖက်သို့ တူးကြည့်ရာ မြေကြီးထဲမှ အငွေ့များထွက်လာသဖြင့် ၎င်းမြေကြီးများအားဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

တာချီလိတ်မြို့နယ် ၊ ဆန်ဆိုင်း (က) ရက်ကွက် ၊မြို့ပတ်လမ်းပေါ်ရှိ ပီဇာဆိုင်အခန်းတစ်ခုအတွင်းမှာ ရှိတဲ့ အောက်ခင်းကြွေပြားများနှင့် နံရံများဟာ ရုတ်တရက် အပူချိန် အဆမတန် ပြင်းလာခဲ့ပါတယ်။ အဲ့သလို ဖြစ်လာတဲ့အတွက် အဆိုပါ ကြမ်းခင်းကို စစ်ဆေးရန်အတွက် မြေကြီးကို တွင်းတူးကြည့်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

တွင်းတူးကြည့်ရာ ၎င်း တွင်းထဲမှ အငွေ့များ ထွက်လာသဖြင့် ဘူမိဗေဒနှင့် ဓာတ်သတ္ထုလေ့လာရေးဌာနမှ တာဝန်ရှိသူမှလာရောက်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ်။ ယမန်နေ့ ည တစ်ညလုံးလည်း အဆိုပါ အခန်းအား လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ပြီး ယင်းကဲ့သို့ မီးဖြတ်ထားတာတောင်မှ ယခုမနက်ပိုင်းအထိ ဆက်လက် ပူနေသေးကြောင်း သိရှိရပါတယ်။ တချို့ကတော့ ငလျင်တွေ အဆက်မပြတ်လှုပ်တာကြောင့် မြေကြီးအောက်မှာ ရှိတဲ့ ကျောက်ပြားတွေ ပွတ်တိုက်မှုကြောင့် ပူလာတာလည်း ဖြစ်နိုင်ကြောင်း ပြောကြားနေကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T