ငလျင်လှုပ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ Bantay Bell တာဝါကြီး ပြိုကျမှုမြင်ကွင်း

//s9.kh1.co/14/144821558583749fe709313e19a4839e7090321e.jpg
နေ့စဉ်သတင်းများ

 ២៧-កក្កដា-២០២២ ១០ព្រឹក · ៤ ឆ្នាំមុន

ငလျင်လှုပ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ Bantay Bell တာဝါကြီး ပြိုကျမှုမြင်ကွင်း

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အင်အား ရစ်စတာစကေး ၇.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ် ။ ငလျင်ဒဏ်ကြောင့် Luzon မှာရှိတဲ့နေရာတော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ် Bantay Bell တာဝါကြီးဟာလည်း ပြိုကျ ပျက်စီးသွားခဲ့တာကို ဗီဒီယိုထဲမှာ မြင်တွေ့နိုင်ပါတယ်။

Google
Google
Youtube

Bantay Bell တာဝါကြီးဟာ ၁၅၉၀ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းတာဝါကြီး ဖြစ်ပါတယ်။ ရှေးဟောင်း အမွှေနှစ်တာဝါကြီးဖြစ်တာကြောင့် ဖိလစ်ပိုင်နိုင်ငံက ပြည်သူတွေလည်း များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ တစ်ယောက်ပဲ ရှိခဲ့ပေမယ့် အခု ငလျင်က နှစ်ပေါင်းများစွာအတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ အပြင်းဆုံး ငလျင်ကြီးဖြစ်ပါတယ်။

Google
Google
Google
Google

၂၀၁၃ ခုနှစ်တုန်းကလည်း ဖိလစ်ပိုင်မှာ အင်အား ၇.၁ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ဖူးပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အခု လှုပ်ခတ်သွားတဲ့ ငလျင်အပြင် နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်ခတ်သွားနိုင်ချေရှိတယ်လို့ သိရပါတယ်။

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T