ရန်ကုန်တိုင်းဒေသကြီး တွင် ယမန်နေ့ ဇူလိုင်(၂၂)ရက်နေ့က CNG ဂတ်စ်ပြတ်တောက်မှုများ ဖြစ်ပွားခဲ့တယ်လို့ ဆိုတာကြောင့် လတ်တလောတွင် YBS ယာဉ်များအနေဖြင့် ဂတ်စ်အခက်အခဲပြဿနာများကြောင့် ယာဉ်အစီးရေ အပြည့်အဝမထွက်နိုင်တဲ့ ပြဿနာရပ်တွေဖြစ်ပွားကာ ပြည်သူတွေအင်မတန်ဒုက္ခရောက်နေကြရပါတယ်။

သို့ပေမယ့် တကယ်တမ်းကျ ဂတ်စ်ပြတ်တောက်နေတာမဟုတ်ပဲ ဂတ်စ်ပိုက်လိုင်းပေါက်နေတာကြောင့် အခုလို ဂတ်စ် မရတဲ့ ပြဿနာတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂတ်စ်ပိုက်လိုင်းယိုစိမ့်ပေါက်မှုကြောင့် ဂတ်စ်မသန့်တာတွေဖြစ်ပွားနေပြီး YBS တွေမှာ အခက်အခဲကြုံနေရတာဖြစ်တယ်လို့ သိရပါတယ်။

၎င်း ဂတ်စ်ပိုက်လိုင်း ယိုစိမ့်ပေါက်မှု အား ပြင်ဆင်ရန် (၇) ရက်ခန့်ကြာနိုင်ပြီး CNG ဂတ်စ်မသန့်ရှင်းမှုများကြောင့် YBS ကားအခက်အခဲများဟာ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ CNG ဂတ်စ်ပိုက်လိုင်းပေါက်မှုအား ပြင်ဆင်မည့်အချိန်ကြာမြင့်ပါက CNG ဂတ်စ် ကားများအနေဖြင့် သွားလာပြေးဆွဲရန်အခက်အခဲရှိနေပြီး လက်ကျန် CNG ဂတ်စ်များပါ ပြတ်တောက်သွားနိုင်ကြောင်း ၊ အကုန်ပြတ်တောက်သွားရင် YBS တွေပါ ခေတ္တ ရပ်နားထားရမည်ဖြစ်ကြောင်း သိရပါတယ်။
