ခင်ပွန်းနဲ့ယောက္ခမတွေကို ကလဲ့စားချေချင်လို့ သားနှစ်ယောက်ကို အသက်သေဆုံးအောင်လုပ်ခဲ့တဲ့ မိခင်အရင်း

//s9.kh1.co/80/807400ae9a816ab38c3387e516cb5fc0945c25fb.jpeg
နေ့စဉ်သတင်းများ

 ២៣-កក្កដា-២០២២ ១១ព្រឹក · ៤ ឆ្នាំមុន

ခင်ပွန်းနဲ့ယောက္ခမတွေကို ကလဲ့စားချေချင်လို့ သားနှစ်ယောက်ကို အသက်သေဆုံးအောင်လုပ်ခဲ့တဲ့ မိခင်အရင်း

ဇူလိုင်လ ၂၀ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံရှိ အသက် ၄၀ အရွယ်အမျိုးသမီး တစ်ဦးဟာ သားအရင်းဖြစ်သူနှစ်ယောက်ကို သတ်မိခဲ့လို့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။ 

Google 
Google 

အဆိုပါအမျိုးသမီးက သူမမွေးထားတဲ့ ၈ နှစ်အရွယ်နဲ့ ၇ နှစ်အရွယ် သား နှစ်ဦးကို ဧပြီလ ၅ ရက်နေ့က   Geumcheon-gu မှာ ရှိတဲ့ နေအိမ်မှာ သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သွေးသားရင်း သားနှစ်ဦးကို ဘာလို့များရက်ရက်စက်စက် သတ်ပစ်ရတာလဲလို့ မေးမြန်းခဲ့ရာမှာ သားဖြစ်သူတွေ သေဆုံးသွားရင် ခင်ပွန်းဖြစ်သူနဲ့ ယောက္ခမတွေ နာကျင်ခံစားကြရမှာလို့ ထင်ခဲ့မိတာကြောင့်သတ်ခဲ့တာလို့ အဆိုပါအမျိုးသမီးက ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအမျိုးသမီးဟာ ယောကျာ်းဖြစ်သူနဲ့ ကွဲနေတဲ့သူဖြစ်ပြီး ကလေး နှစ်ဦးကို single mother အဖြစ် ကိုယ်တိုင် စောင့်ရှောက်နေတဲ့ သူလို့ သိရပါတယ်။ သားနှစ်ယောက်ရဲ့ အသုံးစရိတ်ကို အဆိုပါခင်ပွန်းဟောင်းဘက်မှ ထောက်ပံ့ပေးနေကြဖြစ်ပေမယ့် ခင်ပွန်း ဖြစ်သူက မကြာသေးမီကမှ အလုပ်ပြုတ်ခဲ့တယ်လို့ သိရပါတယ်။ 

Google 
Google 

အဆိုပါအမျိုးသမီးဟာ ခင်ပွန်းသည်နဲ့ ယောက္ခမတွေကို ရင်ထဲ အသည်းထဲက နာနာကြည်းကြည်း မုန်းတီးခဲ့တာကြောင့် သားနှစ်ယောက်ကို သတ်ပစ်ခဲ့ပြီး သူမကိုယ်တိုင်လည်း သေကြောင်း ကြံစည်ဖို့ ကြံရွယ်ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့်လည်း သားနှစ်ယောက်သာသေဆုံးသွားပြီး သူမကိုယ်တိုင် အဆုံးစီရင်မှု မအောင်မြင်ခဲ့တာကြောင့် ဘဝ တစ်လျှောက်လုံး သူမရဲ့ လုပ်ရပ်ဆိုးကြီးအတွက် နောင်တရနေမှာ ဖြစ်တယ်လို့ ပြည်သူတွေက ခန့်မှန်းထားကြပါတယ်။ 

Source - Allkpop

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T