ယနေ့မှာကွယ်သွားပြီ ဖြစ်တဲ့ ထရမ့်ရဲ့ ပထမဆုံးဇနီး အိုင်ဗန်နာထရမ့်

//s9.kh1.co/9b/9b0c0bd9bc83189e4d28d042698eec62b8c26c35.jpg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

လှပနေမှုကြီးက အသက်က (၇၃) နှစ်လို့တောင် မထင်ရဘူး .. သေဆုံးရတဲ့ အကြောင်းအရင်းဟာ မတော်တဆမှုကြောင့်လို့ ...

အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ပထမဇနီး၊ သားသမီး သုံးဦးမိခင် အိုင်ဗန်နာ ထရမ့်က ယနေ့ ကြာသပတေးနေ့မှာ ကွယ်လွန်သွားပြီလို့ ရှာပြီဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗန်နာထရမ့်ဟာ ထရမ့် မျှော်စင် အပါအဝင် သူ့ရဲ့ ပင်ကိုယ်အမှတ်တံဆိပ်အဆောက်အဦးတွေ တည်ဆောက်ရာမှာ ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : New York Times
Photo Credit : New York Times
Photo Credit : New York Times
Photo Credit : New York Times

“သူမဟာ အံ့သြစရာကောင်းတဲ့၊ လှပပြီး အံ့သြစရာကောင်းတဲ့ ဘဝကို ဦးဆောင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်” ဟု Mr Trump က သူရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ “ သူမကိုချစ်ခင်ကြသူတွေ တော်တော်များများကို ကျွန်တော့်အနေနဲ့ ဝမ်းနည်းကြေကွဲစွာ ကြေညာပါတယ်။ အိုင်ဗန်နာ ထရမ့်ဟာ သူမရဲ့ နယူးယောက်စီးတီးအိမ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social ကနေ ပို့စ်တင်ပြီး ကြေညာခဲ့ပါတယ်။

Photo Credit : New York Times
Photo Credit : New York Times
Photo Credit : New York Times
Photo Credit : New York Times

သူတို့နှစ်ဦးဟာ ၁၉၇၇ခုနစ်မှာ လက်ထပ်ပြီး ၁၅ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ သူတို့မှာ Donald Jr၊ Ivanka နဲ့ Eric Trump တို့ အတူတူ သားသမီး သုံးယောက်ရှိတယ်။ ထုတ်ပြန်ချက်တွေမှာ သေဆုံးရတဲ့အကြောင်းရင်းကို ဖော်ပြထားခြင်း မရှိပေမယ်လည်း တိုက်ခန်းအတွင်းရှိ လှေကားထစ်တွင် သူမသေဆုံးနေသည်ကို တွေ့ရှိခဲ့ရတယ်လို့ New York Times မှာ ရေးသားထားဖော်ပြထားပါတယ်။

Photo Credit : New York Times
Photo Credit : New York Times
Photo Credit : New York Times
Photo Credit : New York Times

Source : New York Times

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T