တစ်နေ့နဲ့တစ်နေ့ ခေတ်မှီတိုးတက်လာတာနဲ့အမျှ နည်းပညာတွေ ကလည်း တဖြည်းဖြည်း ချင်း အဆင့်မှီလာပြီဖြစ်ပါတယ်။ အဲ့သလိုပဲ လူသုံးအများဆုံးလို့ သတ်မှတ်ခံထားရတဲ့ Facebook ကလည်း Feature အသစ်တွေကို မိတ်ဆက်ပေးတော့မှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။

Facebook Team က နောက်ပိုင်းမှာ Facebook အသုံးပြုသူတွေအတွက် Comment တွေမှာ Voice Comment Option ထည့်ပေးတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီသတင်းဟာ Facebook အသုံးပြုသူတွေတော်တော်များများ လို ချင်နေတဲ့ Features အသစ်ဖြစ်ပါတယ်။

ဒီလို Feature အသစ်ကြောင့် Social Media သုံးပြီး ပိုက်ဆံရှာတဲ့သူတွေအနေနဲ့ ဒီ ကိစ္စဟာ က တော်တော်အသုံးဝင်မှာဖြစ်ပါတယ်။ အခု အခါမှာတော့ အသံဖြင့် မှတ်ချက်ပေးခြင်း (Voice Comment Option) ကို တချို့နိုင်ငံ တချို့ဖုန်းတွေမှာ စသုံးလို့ရနေပါပြီ လို့ သိရပြီး မြန်မာနိုင်ငံအတွက်ကိုတော့ ဘယ်တော့မှ အသုံးပြုလို့ရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်နေကြပါတယ်။






