The Good Detective ဇာတ်လမ်းတွဲရဲ့ Season 2 ထွက်ရှိမယ်

//s9.kh1.co/54/54db14b11bf3c667c3e99201c8d4432024b1bf17.jpg
ဖျော်ဖြေရေးများ

 ၁၃-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

စိတ်လှုပ်ရှားဖွယ်ရာ “The Good Detective” ဇာတ်လမ်းတွဲရဲ့ Season 2 အတွက် ပိုစတာတွေကို ထုတ်ဝေလိုက်ပြီပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Son Hyun Joo နဲ့ Jang Seung Jo တို့က Season 2 မှာ ပြန်လည်ပါဝင်လာမှာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/bd/bde12183a9ea75f9e6eb396406639aaf947eabb3.webp

“The Good Detective” ရဲ့ ပထမဇာတ်လမ်းမှာ Son Hyun Joo၊ Jang Seung Jo နဲ့ Lee Elijah တို့ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ အမှန်တရား ဖုံးကွယ်ဖို့ ကြိုးစားသူများနဲ့ အမှန်တရား ကိုဖော်ထုတ်သူ ရဲစုံထောက်များကြားက ပဋိပက္ခပိုင်းဆိုင်ရာ လက်တွေ့ဘဝ အကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း ရဲ့  အမှန်တရားဘက်တော်သားတွေဖြစ်ပြီး စုံထောက်ကောင်း ၂ ယောက်လည်းဖြစ်ကြတဲ့ Son Hyun Joo နဲ့ Jang Seung Jo တို့က “The Good Detective”  ရဲ့ Season 2 အတွက် သူတို့ရဲ့ အခန်းကဏ္ဍတွေကို ပြင်ဆင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=927,q=100/51/51eb4672c6c83d21e73166ddacd866a0f796e8fe.jpeg

 Kang Do Chang က သာမန်ရပ်ကွက်က ဝါရင့်စုံထောက်ဦးလေးတစ်ယောက်ဖြစ်ပြီး Oh Ji Hyuk ကတော့ ချမ်းသာလှတဲ့ စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မွေးဖွားလာတဲ့ ဘဝပုံစံချင်းမတူ ကြပေမယ့် တူညီတဲ့စိတ်ပိုင်းဖြတ်မှုရှိပြီးတော့ အမှန်တရားကို ဖော်ထုတ်ဖို့အတွက်ဆိုရင် ကမ္ဘာမြေကြီးစွန်းအထိ သွားမယ့် ဆန္ဒရှိကြသူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=423,q=100/45/4579ea0157be0dfeca723b72b732c1ecfa47d813.jpg

ထုတ်လုပ်ရေးအဖွဲ့ကလည်း "The Good Detective" ဇာတ်လမ်းတွဲကို စောင့်မျှော်ပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။ “The Good Detective” ရဲ့ Season 2 ကိုတော့  ဇူလိုင်လ ၂၀ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၁၀ နာရီခွဲမှာ စတင်ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/19/19cc0b97eb61f02572440674d1b64ab0eb31f39b.jpeg
Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T