လူတွေဟာ ကမ္ဘာမြေကြီး မှာနေထိုင်နေရပေမယ့် အခြားသော ဂြိုလ်အဖွဲ့အစည်းများ တည်ရှိရာ အာကာသဟင်းလင်းပြင်နဲ့ပတ်သက်ရင် အတော်စိတ်ဝင်စားမှုများပါတယ်။ အခုအခါမှာ အဲ့သလိုစိတ်ဝင်စားတတ်သူတွေအတွက် အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီဖြစ်တဲ့ နာဆာ က အာကာသကြည့် အဏုကြည့်မှန်ပြောင်းအသစ်က တဆင့် မြင်ရတဲ့ ပထမဆုံး ရုပ်ပုံကို ထုတ်ပြန်လာခဲ့ပြီဖြစ်ပါတယ်။

နာဆာ ဟာ အာကာသကြည့် အဏုကြည့်မှန်ြေ့ာင်းမှ မြင်ရတဲ့ ပုံရိပ်တွေက ဇူလိုင်(၁၁)ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပြီး ယမန်နေ့ ဇူလိုင် (၁၂) ရက်နေ့ကလည်း နောက်ထပ်ပုံရိပ်အသစ်တွေကို ပြသလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ နာဆာရဲ့ အဏုကြည့်မှန်ပြောင်းဟာ စင်္ကြာဝဠာနဲ့ပတ်သက်တဲ့သမိုင်းရာဇဝင်ကြီးရဲ့ ပြတင်းတံခါးအသစ်တစ်ခုပါလို့လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က နာဆာရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်လို့ သိရပါတယ်။

ဒီ အာကာသကြည့် အဏုကြည့်မှန်ပြောင်း ကို ဒေါ်လာ (၁၀) သိန်း အကုန်အကျခံထားတာဖြစ်ပါတယ်။ ဒီ James Webb အဏုကြည့်မှန်ပြောင်းဟာ အာကာသထဲကို လွှတ်တင်သမျှထဲမှာမှ အကြီးမားဆုံးနဲ့အားအကောင်းဆုံး မှန်ပြောင်းဖြစ်ပြီး စင်္ကြာဝဠာနဲ့ အနီးကပ်ဆုံး အထိကို ကြည့်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းဖြစ်ပါတယ်။ ဒီအဏုကြည့်မှန်ပြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ တောင်အာဖရိကနိုင်ငံ အရှေ့မြောက်ကမ်းခြေ French Guiana ကနေ အာကာသထဲ ပစ်လွှတ်ခဲ့ပြီး ကမ္ဘာမြေရဲ့ အထက် ကီလိုမီတာ တစ်သန်းခြောက်သိန်းကနေ စင်္ကြာဝဠာထဲက ပုံတွေကို ရိုက်ပြီး ပြန်ပို့ပေးတာဖြစ်တယ်လို့ သိရပါတယ်။




