မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ကျော့ပြန် ပြန်ရောက်လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ သိပ်မကြာခင် ဘန်ကောက်မှာ ပြုလုပ်မယ့် ရာသီကြို ခရီးစဉ်ကို လိုက်ပါတော့မှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။


စီရော်နယ်ဒိုဟာ ကိုယ်ရေးကိုယ်တာ နဲ့ မိသားစု ကိစ္စတွေကြောင့် အသင်းနဲ့ ဝေးကွာခဲ့ရပြီးနောက် ယူနိုက်တက်ကို လေ့ကျင့်ခန်းပြန်ဆင်းဖို့ အစီအစဥ်မရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ယခုအပတ်မှာတင် အိမ်ကွင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တယ်လို့သိရပါတယ်။


ခရစ္စတီယာနို ရော်နယ်ဒိုဟာ အပြောင်းအရွှေ့ဈေးကွက်အနေနဲ့လည်း ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်မှ ထွက်ခွာရန် ဆန္ဒရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ဒါတင်သာမက အသက် (၃၇) နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ"မိသားစုရေးရာ" ကြောင့် ဆိုတဲ့ အကြောင်းပြချက်ဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာလိုကြောင်း ရှင်းလင်းပြောကြားပြီးနောက် ဘန်ကောက်ပွဲစဉ်ကိုပါ မလိုက်ပါတော့ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒို အသင်းမှထွက်ခွာမှုအပေါ် ချယ်လ်ဆီးအသင်းကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားနေပြီး ကလပ်အသင်းက ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေထွက်နေပါတယ်။

