ခန္ဓာကိုယ်မှာ အပုပ်နံ့တွေရနေလို့ ဘုန်းကြီးတစ်ပါးဆီ သွားလျှောက်တင်ခဲ့ပြီးအပြန်မှာတင် ကားတိုက်သေဆုံးခဲ့တဲ့ သူနာပြုဆရာမလေး

//s9.kh1.co/e1/e13803534bb3f2c8abbd848bd4a0cb9af4139d21.jpg
နေ့စဉ်သတင်းများ

 ၀၄-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

လူတွေဟာ မွေးဖွားလာတယ်၊ အသက် ကြီးလာကြတယ်၊ နာလာတယ်၊ နောက်ဆုံး သေသွားခဲ့ကြရတယ်။ ဘဝတစ်ခုရလာတဲ့အခါ သေခြင်းတရားဟာ အတူပါလာပြီးသားပါ။ မွေးဖွားလာကတည်းက ကျွန်တော်တို့တွေဟာ သေမိန့်ကျပြီးသားဖြစ်လို့ တစ်နေ့မလွဲမသေ သေသွားကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် တချို့သေခြင်းတရားတွေက မျက်စိတမှိတ်လေးအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ပြီးခဲ့ရက်က သေခြင်းတရားက လက်တစ်ကမ်းအလိုမှာရှိတယ်ဆိုတာ သက်သေပြသွားတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခု ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload

ဒါကတော့ အိမ်မက်မကောင်းလို့ ဆိုပြီး ဘုန်းကြီးဆီ ဗေဒင် လာမေးပြီးအပြန် ကားတိုက်ပြီးသေဆုံးခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် ထိုင်းသူနာပြုမလေး တစ်ဦးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်လေးပါ။ အဆိုပါ သူနာပြုမလေးဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပုပ်အနံ့တွေရနေလို့ ဆိုပြီး ဘုန်းကြီးတစ်ပါးဆီးမှာ သွားရောက်လျှောက်တင်ခဲ့ပါတယ်။ သူနာပြုမလေးမှာ မကောင်းတဲ့နိမိတ်ဖတ်နေတာ ဖြစ်လို့ ဘုန်းကြီးက သိရှိပြီး သူမနေအိမ်ကို မြန်မြန်ပြန်သွားဖို့ ထပ်ခါပြောခဲ့ပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload
Photo Credit- Original Upload

အဲ့ဒီနောက် သူနာပြုမလေးဟာ ကျောင်းကနေအထွက် ချက်ချင်းပြန်မထွက်ဘဲ ကားပေါ်မှာ မိနစ်အနည်းငယ်လောက်နေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့မှ သူမဟာ လမ်းမဆီကို ကားမောင်းထွက်ပြီး တစ်မိနစ်တောင် မကြာဘဲ လမ်းကြောင်းအမှန်မောင်းလာတဲ့ ကားတစ်စီးကို သူနာပြုမလေးကားက တမင် လမ်းကြောင်းပြောင်းပြီး အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့ပါတယ်။ သူနာပြုမလေးကတော့ ပြင်ထန်တဲ့ ထိခိုက်မှုရရှိခဲ့ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ထိုင်းလူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများအပြားစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် သေခြင်းတရားဟာ မမြင်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ လက်တစ်ကမ်း အလိုမှာရှိပါတယ်။

Photo Credit- Original Upload
Photo Credit- Original Upload

သတင်း အရင်းအမြစ်Souce- Zay Myo


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T