ဂျပန်မှာ နှစ်ပေါင်း ၁၅၀ အတွင်း အပူချိန် စံချိန်တင်မြင့်တက်

//s9.kh1.co/d7/d7e7971118ad5385bb5911d86a51e6ebb3238d14.jpg
နေ့စဉ်သတင်းများ

 ၀၃-လိုင်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

.

ဂျပန်နိုင်ငံ တိုကျိုမှာ နှစ်ပေါင်း ၁၅၀ အတွင်း အပူဆုံး ၃၇ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်ခဲ့ပြီး ၁၈၇၅ ခုနှစ်နောက်ပိုင်း စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အခြားမြို့ တော်တော်များများမှာလည်း မေလကုန်မှ လက်ရှိအထိ အပူချိန်အပူချိန် ၄၀ ဒီဂရီလောက် မြင့်တက်ခဲ့ပါတယ်။

Photo Credit - World Forum
Photo Credit - World Forum
Photo Credit - World Forum
Photo Credit - World Forum

လတ်တလော တိုကျိုမှာ လျှပ်စစ်မီးပြတ်တောက်မှာကို စိုးရိမ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်တက်လာတဲ့အခါ မီးကို အများကြီးသုံးပါတယ်။ အဲ့လိုသုံးခြင်းကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုများဖြစ်လာပြီး အော့ဖ်လိုင်းဖြစ်ပေါ်စေနိုင်လို့ပါ။ အစိုးရကတော့ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြဖို့ တောင်းဆိုခဲ့ပါတယ်။

Photo Credit - World Forum
Photo Credit - World Forum

ဒါ့အပြင် မွန်းတည့်ချိန်တွေမှာဆို နေအိမ် မီးများပိတ်ခိုင်းထားသလို အချို့ ကုမ္ပဏီများကိုလည်း အလုပ်ခဏရပ်နားပြီး မီးများကို ပိတ်ထားဖို့ ပြောဆိုပါတယ်။ အကယ်၍ ဓာတ်အားပြတ်တောက်မှုပြဿနာဖြစ်လာလျှင် ၃ လအထိကြာနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က မြို့ခြောက်မြို့မှာ မကြုံဖူးတဲ့ အပူချိန် ၄၀.၀ ဒီဂရီ ထိရောက်ရှိခဲ့သလို တိုကျိုမြို့မှာ အပူချိန် ၃၇.၀ ဒီဂရီစင်တီဂရိတ်သို့ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။

Photo Credit - World Forum
Photo Credit - World Forum

အဆိုပါ အပူချိန်မြင့်မားပှုကြောင့် ဇွန်လအတွင်း မြို့တော်များမှာ သံသယရှိသူ ၁၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်း မီဒီယာများက ဖော်ပြထားပါတယ်။ဒါ့အပြင် စပါးခင်းတွေမှာလည်း ပူပြင်းတဲ့အခြေအနေကြောင့် ရေနေ သတ္တဝါများသေဆုံးနေသလို ကားထဲမှာ Power bank ပေါက်ကွဲပြီးမီးလောင်ကျွမ်းမှုဖြစ်ခဲ့တာတွေပါ ဖော်ပြထားပါတယ်။

Photo Credit - World Forum
Photo Credit - World Forum

သတင်း အရင်းအမြစ်Source - World Forum

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T