မိုင်ပေါင်း ၄၀၀၀ လောက်ပျံသန်းပြီး ပိုင်ရှင်ထံပြန်ရောက်လာတဲ့ ခိုလေး

//s9.kh1.co/b9/b9f4818868710ead23d6bfa7f443bf37a474e0a9.jpg
နေ့စဉ်သတင်းများ

 ၀၂-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

.

Bob လို့ခေါ်တဲ့ အပြေးပြိုင်ခိုတစ်ကောင်ဟာ အမေရိကန်ပြည်ထောင်စုမှာ မိုင်ပေါင်း ၄၀၀၀ အကွာကနေ ပျံသန်းလာပြီးနောက် သူနေထိုင်ရာနေအိမ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၃ ပတ်ခန့်က Guernsey မြို့ကနေ ၁၀ နာရီခန့်ကြာတဲ့အထိ ပျံလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် Bob ပျောက်ဆုံးသွားခဲ့ပြီး ပိုင်ရှင်ဖြစ်သူ Alan Todd ဟာ စိုးရိမ်ပူပန်ခဲ့ရပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

ငှက်ဟာ အလာဘားမားပြည်နယ် မက်စ်စီယာမှာ နေထိုင်တဲ့ အဘိုးတစ်ဦးရဲ့ ဥယျာဉ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူ Alan က Bob ဘယ်လောက်ထိ ပျံသန်းသွားလဲဆိုတာကို သိရအောင် ခန္ဓာကိုယ်မှာ တီးဝိုင်းနဲ့ မိုက်ခရိုချစ်ပ်တွေကို အသုံးပြုပြီး လွှတ်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Blaydon, Gateshead, မှ Bob ကိုတွေ့ပြီလို့ အီးမေးလ်ကိုရလိုက်တဲ့အခါ အလွန်အံ့အားသင့်ခဲ့ရပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

ပိုင်ရှင်ဖြစ်သူ Alan က သူ့ရဲ့ ခိုကို အစက အိုင်ယာလန်ကိုရောက်တယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမေရိကကိုရောက်နေတာလို့ သိလိုက်ရပါတယ်။ သူ့ရဲ့ ခို ဒီလောက် မိုင်ထောင်ချီပျံသန်းသွားတယ်ဆိုတာ မထင်ခဲ့ဘဲ ယခုလို သိလိုက်ရတော့ တော်တော်လေးကို အံအားသင့်ခဲ့ရပါတာ်။ လက်ရှိမှာ ခိုကလေး Bob ကို UK ကိုပြန်ခေါ်ဖို့ ဘာပဲလုပ်ရလုပ်ရပဲလို့ Alan ကပြောခဲ့ပေမယ့် ပေါင် ၂၅၀၀ နှင့် ၃၀၀၀ ကြား ကုန်ကျနိုင်တယ်လို့ တွက်ဆထားပါတယ်။

Photo Credit - Daily Star
Photo Credit - Daily Star

သတင်း အရင်းအမြစ်Source - Daily Star

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T