အာဆီယံ ယူ-၁၉ အမျိုးသားဘောလုံးပွဲမှာ မြန်မာအသင်း မှ ဘရူနိုင်းကို (၇) ဂိုးပြတ်နဲ့ နိုင်

//s9.kh1.co/8c/8cbdfc12c78dc26d9430e861b5114de8c156a15a.jpg
အားကစားသတင်းများ

 ၀၂-လိုင်-၂၀၂၂ ၅pm · လွန်ခဲ့သော ၂ နှစ် က

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံ ယူ-၁၉ အမျိုးသားဘောလုံးပွဲမှာ....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်(၂)ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်မယ့် အာဆီယံ ယူ-၁၉ အမျိုးသားဘောလုံးပွဲ အဖွင့်ပွဲ မှာ မြန်မာအသင်း က ဘရူနိုင်းအသင်းကို (၇) ဂိုးပြတ်နဲ့ နိုင်ပြီလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader

အဆိုပါဖွင့်ပွဲကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဖွင့်ပွဲကို မြန်မာအသင်း နဲ့ ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက အုပ်စုတွင်းမှာ အားအနည်းဆုံးအသင်းဖြစ်တဲ့ ဘရူနိုင်းအသင်းကို (၇) ဂိုး ဂိုးမရှိ ၊ ဂိုးပြတ်နဲ့ အပြတ်အသတ် နိုင်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader

မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်း ဟာ ဇူလိုင် (၄) ရက်တွင် ထိုင်းအသင်း ၊ ဇူလိုင် (၆) ရက်တွင် ဖိလစ်ပိုင်အသင်း ၊ ဇူလိုင် (၈) ရက်တွင် ဗီယက်နမ်အသင်း နဲ့ ဇူလိုင် (၁၀) ရက်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T