ထိုင်းလူမှုကွန်ယက်ပေါ်မှာ သူရဲကောင်းတစ်ဦးလို ဂုဏ်ပြုခံရတဲ့ လူငယ်

//s9.kh1.co/49/49b28a09c1c2feeb7fb37413bf04a63ba29f453e.jpg
နေ့စဉ်သတင်းများ

 ၀၂-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

လတ်တလောမှာ ထိုင်းလူမှုကွန်ယက်ပေါ်မှာ သူရဲကောင်းတွေရဲ့ လုပ်ရက်အဖြစ် အမျိုးသားတစ်ဦး ဂုဏ်သတင်းလေး ပျံ့နှံလာတာ တွေ့ရပါတယ်။ ဒါကတော့ ချင်လိုင် ခရိုင်ရှိ Siam Ruam Jai Pu In Foundation စေတနာ့ဝန်ထမ်း မစ္စတာ Chatun Duangrat ဆိုတဲ့ လူငယ်တစ်ဦးဟာ တောထဲမှသေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်ရယူပေးခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူများရဲ့ ချီးကျူးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - bangkokguideforyou
Photo Credit - bangkokguideforyou

Chatun Duangrat ဆိုသူဟာ အသက် ၂၅ နှစ်သာရှိပြီး သူဟာ Wiang Pao Pao ခရိုင်က သစ်တောမှာ သေဆုံးသွားတဲ့ အရုပ်အလောင်းကို သယ်ယူတဲ့ အချိန်မှာ လမ်းပန်းသွယ်ရေးအရ ခက်ခဲနေတာဖြစ်လို့ အလောင်းကို တောထဲကနေ ဆိုင်ကယ်နဲ့ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ အစတုန်းက အလောင်းကို ဝါး ထမ်းစင်ပြုလုပ်ပြီး သယ်ဖို့စီစဥ်ခဲ့ပေမယ့် ပြင်ဆင်ချိန် ၁ နာရီခန့်ကြာမှာ ဖြစ်လို့ ဆိုင်ကယ်ကိုပဲ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - bangkokguideforyou
Photo Credit - bangkokguideforyou

အလောင်းကိုလည်း သူ့ရဲ့ နောက်ကျောမှာ အဝတ်ဖြင့်ပတ်ချည်ကာ ဆိုင်ကယ်ဖြင့် ခက်ခက်ခဲခဲနဲ့ တောထဲက ထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကို အင်တာနက်အသုံးပြုသူတွေက Jaturon ရဲ့ တာဝန်နဲ့ လုပ်ရက်ကို သူရဲကောင်းတစ်ဦးလို ချီးကျူးခဲ့ကြပါတယ်။ လူသေကောင်ကို ကိုယ့်ကျောမှာ ကပ်ပြီး တစ်နာရီကျော်ကြာ တောလမ်းခရီးကနေ တစ်ယောက်ထဲ အဖော်မပါသယ်ယူထုတ်လာတဲ သတ္တိကတော့ နည်းနဲ့သတ္တိမဟုတ်ပါဘူး။ ကျွန်တော်တို့သာဆိုရင် ဒီလိုသယ်ဖို့နေနေသာသာ အလောင်းနားတောင် ကပ်ရဲမှာမဟုတ်ပါဘူး။ ဒါကတော့ တကယ့်ကို ချီးကျူးလေးစားစရာပါ။

သတင်း အရင်းအမြစ်Source - bangkokguideforyou

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T