မလေးရှားနိုင်ငံကို သွားရောက်မယ့် မြန်မာလုပ်သား(၂၃)ဦး ထိုင်းနိုင်ငံတွင် ကားမှောက်ကာ ဒဏ်ရာအပြင်းအထန်ရရှိ

//s9.kh1.co/22/22faa30c0895b3bb306861b5106d8bafd9f38c4a.jpg
နေ့စဉ်သတင်းများ

 ၀၂-လိုင်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

မလေးရှားနိုင်ငံ ကို သွားရောက်မယ့် မြန်မာလုပ်သားတွေဟာ........... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မလေးရှားနိုင်ငံကို သွားမယ့် မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံမှာ ကားမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက် မြန်မာလုပ်သား (၂၃) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနကဖော်ပြလာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါဖြစ်စဥ်ဟာ ယမန်နေ့ ဇူလိုင် (၁) ရက်နေ့ နေ့လယ်ပိုင်းမှာ ရနောင်းကနေ မလေးရှားကို သွားကြမယ့် မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ကားဟာ အာရှ လမ်းမကြီး မိုင်တိုင် (၄၁) အနီး ထိုင်းနိုင်ငံတောင်ပိုင်းအဝင် ဗန်းလမ်လိုင်ရွာ ထခေခရိုင် ထချန်ခရိုင်ခွဲ စုရာဇ်ဌာနီပြည်နယ်တွင် ဖြစ်ပွားခဲ့တာလို့ သတင်းဌာနများရဲ့ ဖော်ပြချက်အရသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုအခါမှာတော့ အဆိုပါ ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ လုပ်သား(၂၃)ဦး ကို ဆေးရုံသို့ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါတင်သာမက တရားဝင်အလုပ်သမားများဟုတ်မဟုတ်ကိုလည်း စစ်ဆေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T