Lake Mead ရေလှောင်ကန်ထဲကနေ ပြန်တွေ့ခဲ့တဲ ဒုတိယကမ္ဘာစစ် ခေတ်လက်ကျန်

//s9.kh1.co/e9/e93ea11b240619413246efc9ae6cd28a9c79d063.jpg
နေ့စဉ်သတင်းများ

 ၀၂-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဒုတိယကမ္ဘာစစ်တုန်းက နစ်မြုပ်နေတဲ့ သင်္ဘောစင်းဟာ နီဗားဒါးပြည်နယ်နှင့် အရီဇိုးနားပြည်နယ်တို့ကို တစ်ဆက်တည်းရှိနေတဲ့ ရေလှောင်ကန်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။ ရေ မျက်နှာပြင်အောက် (56 မီတာ) အောက်ထိနစ်မြုပ်သွားတဲ့ အဆိုပါ သင်္ဘောဟာ ယခုဆိုရင် တစ်ဝက်နီးပါးတောင် ပေါ်နေပြီလို့ ဆိုပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS
Photo Credit - ABC NEWS
Photo Credit - ABC NEWS

ဒီသင်္ဘောဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များက ကော်လိုရာဒိုမြစ်ကို စူးစမ်းလေ့လာဖို့ အသုံးပြုခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ လှေဆိပ်သို့ ရောင်းချပြီးနောက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ New Orleans မြို့ရှိ Higgins Industries က ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အတွင်းမှာ ကမ်းတက်ရေယာဉ်ကို ထောင်နဲ့ချီ တည်ဆောက်ခဲ့ပါတယ်။ D-Day ဟုသိကြတဲ့ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ နော်မန်ဒီမှာ "Higgins boats" ၁၅၀၀ ခန့်ကို တပ်ဖြန့်ခဲ့ပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS

အဆိုပါ လက်ကျန် သင်္ဘောတစ်စင်းဟာ ယခုမှာ ဟူးဗားဆည်မှ ပြန်လည်ထိန်းသိမ်းထားတဲ့ US ရှိ အကြီးဆုံး လူလုပ်ရေလှောင်ကန်ဖြစ်တဲ့ Lake Mead မှာ ရေများကျဆင်းမှုကြောင့် တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသင်္ဘောအတွင်းကနေလည်း လူအရုပ်အလောင်း ၄ လောင်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/a3/a38c7c8a9f045b5520e7eae758f7ac3f16335e20.jpg

Lake Mead ရေလှောင်ကန်ဟာ ရာသီဥတု ဖောက်ပြန်မှုနှင့် မိုးခေါင်မှုကြောင့် လွန်ခဲ့တဲ အနှစ် ၂၀ ခန့်ကတည်းက ရေများ တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီကန်ကြီးမှာ တစ်ဧကပေ ဂါလံ ၃၂၅၈၅၀ (လီတာ ၁.၂၃ သန်းခန့်) ပျမ်းမျှအိမ်ထောင်စုတစ်စုမှာ တစ်နှစ်လျှင် ရေတစ်ဧကခွဲမှ တစ်ဧကပေခွဲအထိ အသုံးပြုနိုင်ပါတယ်။

သတင်း အရင်းအမြစ်Source - ABC NEWS

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T