ထိုင်းနိုင်ငံတစ်ခွင် လူပြောများနေတဲ့ကိစ္စအား ထိုင်းဝန်ကြီးချုပ် အသည်းအသန်ဖြေရှင်း

//s9.kh1.co/a1/a1dafd589dfe97b2febbe08ad8fd0c93729d9b2d.jpg
နေ့စဉ်သတင်းများ

 ၀၂-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

လွန်ခဲ့တဲ့ ဇွန်လ(၂၈)ရက်နေ့က ချင်းမိုင်ကို အလည်အပတ်သွားခဲ့ပြီးနောက် ဒီဓာတ်ပုံ ထွက်ပေါ်လာခဲ့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လွန်ခဲ့တဲ့ ဇွန်လ(၂၈)ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် တစ်ယောက် ချင်းမိုင် ကို အလည်အပတ် ခရီးသွားရောက်ခဲ့ပါတယ်။ အဲ့သလိုသွားရောက်ခဲ့ပြီးနောက်မှာတော့ ဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာရဲ့ ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ယက် ပေါ် ပြန့်နှံ့နေခဲ့ပြီး အတော်လေးကို ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါပုံဟာ ကွန်ပျူတာခန်းတစ်ခုထဲက ကွန်ပျူတာ ကို ကြည့်နေတဲ့အချိန် ဝန်ကြီးချုပ်ရဲ့ mouse ကိုင်ထားတဲ့ လက်အပေါ် ကျောင်းသူမိန်းကလေးရဲ့ လက်က အုပ်မိုး စုပ်ကိုင်ထားတဲ့ အနေအထား နဲ့ ပုံစံမျိုးဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း လူမှုကွန်ယက်ပေါ်မှာ အတော်လေး ပြောဆိုခံနေရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်းဓာတ်ပုံ ကို ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြပြီး အမျိုးမျိုး ထင်ကြေးပေးစကားတွေပြောနေကြခြင်း ကို ဝန်ကြီးချုပ်က မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းတဲ့ စကားပြောကြားခဲ့ပါတယ်။ ပရာယွတ်က “ ဒါက လုံးဝကို အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါ။ ကျွန်တော့်ကို သင်ကြားပေးတဲ့ သူမအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်စေချင်ပါတယ်။ သူမက ကျွန်တော့လက်ကိုကိုင်ပြီး ဒီလိုလုပ်ပါလို့ ပြနေတာပါ။ ဓာတ်ပုံထဲမှာ အပြစ်ရှာဖို့က လုံးဝကို အဓိပ္ပါယ်မရှိပါဘူး” လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကောလဟာလတွေကတော့ ဆက်လက်ပြန့်နှံ့နေဆဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T