ကမ္ဘာ့အကြီးဆုံး ငါးမန်းဖြူ အကိုက်ခံရပေမယ့်လည်း ထူးဆန်းစွာအသက်ရှင်ခဲသူ

//s9.kh1.co/6c/6cfbf6c009ec219461e9db1c6f765501c0aa28b2.jpg
နေ့စဉ်သတင်းများ

 ၃၀-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

သူအကိုက်ခံရတဲ့နေရာတွေကနေ အသက်ရှင်နိုင်တာ မယုံနိုင်စရာပါပဲ........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အသက် ၆၂ နှစ်အရွယ် စတိဗ့် ဘရူမာဟာ ကယ်လီဖိုးနီးယာ ကမ်းခြေတစ်ခုမှရေကူးနေစဉ် ငါးမန်းအကိုက်ခံရပါတယ်။ ငါးမန်းက သူ့ရဲ့ အစားအိမ်၊ခြေထောက်နဲ့ လက်မောင်းတွေကို ကိုက်ခဲ့တာပါ။ သွေးများစွာ ဆုံးရှုံးခဲ့ရပေမယ့် ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ခဲ့ပါတယ်။ သားရဲတိရစ္ဆာန်အဖွဲ့အစည်းက ကြေငြာချက်အရ သူ့ကိုကိုက်ခဲ့တဲ့ ငါးမန်းဟာ ငါးမန်းဖြူဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ငါးမန်းဟာ ပေ ၂၀ ထိရှိပြီး ငါးမန်းအဖြူတွေထဲမှာ အကြီးဆုံးလို့ သတ်မှတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=486,h=695,q=100/49/49f82b6d2e8e0a1581498a4dc7990550cd6ba7d7.png
https://s9.kh1.co/__image/w=650,h=372,q=100/fb/fbdfab527dc0633405974e93ba8066b8d5525b79.jpg

ငါးမန်းဖြူတွေဟာ နှစ် ၆၀ ထိ အသက်ရှင်နိုင်ပြီး ကြီးထွားမှုက မရပ်တန့်ပါဘူး။ အသက်ကြီးလာလို့ ထွားသွားမှုက နှေးသွားတာပဲရှိပါတယ်။ ခုလည်း ဘရူမာကို တိုက်ခိုက်ခဲ့တဲ့ငါးမန်းဖြူဟာ ၂၀၂၀ တုန်းကတွေ့ရှိခဲ့တဲ့ ၁၇ ပေရှိ ငါးမန်းမထက်တောင် ပိုကြီးပါတယ်။ ဘရူမာ တိုက်ခိုက်ခံရပြီးနောက် တာဝန်ရှိသူများက ကမ်းခြေကို အများပြည်သူအား ပိတ်ထားခဲ့ပြီး မီးသတ်ဌာနက ငါးမန်းများကို ရှာဖွေရန် ဒရုန်းများကို ဖြန့်ကျက်ထားခဲ့‌ပေမယ့်လည်း မတွေ့ရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=540,h=302,q=100/66/6613d344a1f107652a589eb31e249784f1b942b1.webp
https://s9.kh1.co/__image/w=648,h=430,q=100/9b/9b6cf70c955d7702ce81d53193f3c37374f82937.jpg

ခုချိန်မှာတော့ သူဟာ ဆေးရုံးမှာ ကုသမှုခံယူနေပြီး သူ့အနေနဲ့ ငါးမန်း ကိုက်ခံရလို့ ကံမကောင်းပေမယ့် အသက်ရှင်ခဲ့တာတော့ ကံကောင်းတယ်လို့ပြောခဲ့ပါတယ်။ သူအတိုက်ခံရတုန်းက ကမ်းခြေနားမှာ ဘာရေလှိုင်းမှာ မရှိနေသလို လူတွေကလည်း များစွာရှိနေခဲ့တာမို့ သူ့ကို ကံကောင်းစွာ တွေ့မြင်ခဲ့ကြပါတယ်။ သူ့ကိုကယ်တင်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=540,h=299,q=100/4d/4d3a3babe7d11ba3dc38539b554827d77c1f1e0a.webp

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T