သွေးနဲ့ချွေးရင်းပြီး ကျူရှင်ခကို ရှာပေးခဲ့ပေမယ့်လည်း ၁၀၀ မှာ ၆ မှတ်ပဲ ရခဲ့တဲ့သားကြောင့် ငိုကြေးခဲ့ရ

//s9.kh1.co/9f/9f96a187a2c6d42c83b7c82e2f5c4d9f9e3e79e6.jpg
နေ့စဉ်သတင်းများ

 ၃၀-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

အဖေဖြစ်သူဘယ်လောက်တောင် ကြေကွဲခဲ့ရမလဲ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မိဘများဟာ သားသမီးများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးလေ့ရှိပါတယ်။ အချို့မိဘများဟာ ဈေးကြီးတဲ့ ကျူရှင်‌တွေမှာ ထားပြီး ကလေးများကို ထူးချွန်ထက်မြက်တဲ့ ပညာရေးရလဒ်များရရှိစေရန် သေချာဖို့အတွက် အချိန်အတော်ကြာတဲ့အထိ ကြိုးစားရှာဖွေရပါတယ်။ ဒီလိုမျိုး မိမိရဲ့သားသမီးအတွက် သွေးချွေးနဲ့ရင်းပြီး ပြုလုပ်ပေးတာကို သားသမီးတွေက ကျရှုံးတဲ့အခါ ဘယ်လိုခံစားရမလဲဆိုတာကို စိတ်ကူးကြည့်ပါ။ မကြာသေးမီက တရုတ်နိုင်ငံမှာ ဖခင်တစ်ဦးဟာ သားဖြစ်သူရဲ့ နောက်ဆုံးသင်္ချာစာမေးပွဲတွင် 6/100 ရမှတ်ရကြောင်း တွေ့ရှိပြီးနောက်မှာ မျက်ရည်ကျခဲ့ရပါတယ်။

image from weibo<br>
image from weibo

ဖခင်ဟာ သားဖြစ်သူရဲ့ ကျူရှင်ခကို ပင်ပင်ပန်းပန်းရှာဖွေပြီး ပေးခဲ့ရတယ်ဆိုတာ သိရှိရပါတယ်။ တရုတ်နိုင်ငံက မီဒီယာတစ်ခုဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဖခင်တစ်ယောက် အိပ်ခန်းထဲမှာ ငိုပြီး မျက်ရည်တွေသုတ်နေတဲ့ ဗီဒီယိုရုပ်သံကို တင်ခဲ့ပါတယ်။ ဖော်ပြချက်အရ ရှန်းကျုံမြို့ ဟနန်းနယ်မှာ ဇနီးဖြစ်သူနဲ့ အတူနေထိုင်တဲ့ ဖခင်ဟာ သားဖြစ်သူရဲ့ နောက်ဆုံးစာမေးပွဲ ရီပို့ဒ်ကတ်ကို ရရှိချိန်မှာ ငိုခဲ့ပါတယ်။ အကြောင်းမှာ လွန်ခဲ့တဲ့တစ်နှစ်လုံးက သူ့သားရဲ့ ကျူရှင်ခကိုပေးဖို့ ညတွေပါမအိပ်ပဲ ကြိုးစားရှာဖွေခဲ့ရလို့ပါပဲ။ တချို့ညတွေမှာ သူ့သားကို အနီးကပ် သေချာပြန်လည်သင်ကြားပေးခဲ့ပါတယ်။

image from weibo
image from weibo
image from weibo
image from weibo

စိတ်မကောင်းစွာပဲ သူရဲ့ကြိုးစားဖွေမှုဟာ အရာမထင်ခဲ့ပဲ သူ့သားက သင်္ချာစာမေးပွဲအတွက် ရမှတ် ၁၀၀ မှာ ၆ မှတ်ပဲရရှိခဲ့ပါတယ်။ သားဖြစ်သူရဲ့ ရလဒ်ကြောင့် အဖေဟာ မရပ်မနား ငိုခဲ့ရပါတယ်။ သားဖြစ်သူဟာ အရင်က ၄၀ ကနေ ၅၀ တစ်ခါတစ်လေ ၈၀ မှ ၉၀ ထိ ရရှိတတ်တာကြောင့် ခုတခါ ၆ မှတ်ပဲရရှိခဲ့တာမို့ အဖေဖြစ်သူမှာ ဘယ်လိုမှ ဖြေသိမ့်မရနိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်ရခြင်းနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုကတော့ သားဖြစ်သူမှာ အိပ်ရေးမဝတာတွေကြောင့်နဲ့ အဖေဖြစ်သူရဲ့ သင်္ချာစာသင်ပေးမှုတွေက လွဲမှားနေကြောင်း ဖော်ပြခဲ့ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သားဖြစ်သူရဲ့ ကျူရှင်ခကို ပင်ပင်ပန်းပန်းရှာဖွေပေးတဲ့ အဖေတစ်ယောက်အနေနဲ့ကတော့ ကြေကွဲရမှာပါပဲ။

image from weibo
image from weibo

သတင်း အရင်းအမြစ်mustsharenews

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T