ကမ္ဘာ့ ရုပ်အဆိုးဆုံးခွေးလေး အဖြစ် သရဖူဆောင်းခဲ့တဲ့ Mr. Happy Face

//s9.kh1.co/58/58cce805146ae58dba7ae55bda202d2622c70e9b.jpg
နေ့စဉ်သတင်းများ

 ၂၉-ဇွန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

Mr. Happy Face ဆိုတဲ့ တရုတ် ချီဟွာဟွာ မျိုးစပ် ခွေးလေးက ကမ္ဘာ့ ရုပ်အဆိုးဆုံး ခွေးတစ်ကောင် အဖြစ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Petaluma မှာကျင်းပတဲ့ ကမ္ဘာ့အဆိုးဆုံးခွေးပြိုင်ပွဲမှာ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ တရုတ် ချီဟွာဟွာအရော ခွေးလေးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=395,q=100/20/207e3bc5dd56646207eaa75da4ef88d20b759141.jpg

ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိတာဖြစ်ပြီး ကိုဗစ်ကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ပွဲတွေ ဖျက်သိမ်းခဲ့ရပြီးနောက် မှာတော့ ယခုနှစ်ပြိုင်ပွဲကို အရင်တုန်းကထက် ပိုမို ခမ်းနားစွာပြုလုပ်ခဲ့ပါတယ်။ Mr. Happy Face ဟာ အရင်နှစ်က  အရီဇိုးနားပြည်နယ်မှာရှိတဲ့ Janeda Banelly က ကယ်ဆယ်မွေးစားခဲ့တဲ့ ခွေးလေး တစ်ကောင်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=376,q=100/48/48822d0a58511c2ef0f49b517b2287549a91637e.jpg

Mr. Happy Face က သူ့သခင် Janeda Banelly ကို ဆုငွေ ဒေါ်လာ ၁,၀၀၀ ရစေတဲ့အပြင် NBC's Today ရှိုးမှာ ပါဝင်ဖို့အတွက် New York ကို ခရီးထွက်ခွင့်ရအောင် ပြုလုပ်ပေးခဲ့ပါသေးတယ်။ Janeda Banelly က Mr. Happy Face ဟာ အသက်အရွယ် ကြီးရင့်မှုနဲ့ ကျန်းမာရေး ပြဿနာ များစွာကြောင့် အသက်ရှည်နိုင်မည်မဟုတ်ပေမယ့် သူ့ခွေးလေးကို မြင်မြင်ချင်း ချစ်သွားခဲ့တာဖြစ်ကြောင်း နဲ့ တွေ့ဖူးသမျှသတ္တဝါတွေထဲမှာ Mr. Happy Face ဟာ အပျော်ဆုံး သတ္တဝါဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b6/b63c12ab5b0571f488d2de376585a95fd4964af6.jpg

ကမ္ဘာ့အရုပ်ဆိုးဆုံး ခွေးပြိုင်ပွဲကို Sonoma-Marin Fair မှာ နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။ ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နှစ်လိုဖွယ်မရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးစားခြင်းကို မြှင့်တင်ဖို့ အတွက်ပဲဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုသူတွေကလည်း အနိုင်ရသူ Happy Face လေးအတွက် ဂုဏ်ပြုစာတွေရေးခဲ့ကြပါသေးတယ်။

source - dailystar

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T