ကိုလံဘီယာမှာ နှစ်စဥ်ကျင်းပနေတဲ့ ရိုးရာ နွားရိုင်းသတ်ပွဲ ကစားကွင်းတစ်ခုမှာ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသခံသတင်းများက ဖော်ပြခဲ့ပါတယ်။ ဒါကတော့ နွားရိုင်းသတ်ပွဲ ကျင်းပနေစဥ်အတွင်းမှာ ရုတ်တရက် ပွဲကြည့်စင် ပြိုကျမှုဖြစ်ပွားခဲ့တာပါ။ အဆိုပါ ပြိုကျမှုဖြစ်စဥ်မှာ လူ ၅၀၀ ဒဏ်ရာရပြီး အနည်းဆုံး ၅ ဦး သေဆုံးသွားခဲ့ပါတယ်။


သေဆုံးသူများမှာ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၂ ဦး နှင့် ကလေးငယ်တစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ပွဲတော်ကို လာရောက်ကြည့်သူများဟာ အနယ်နယ်အရပ်ရပ်က ဖြစ်တာကြောင့် သေဆုံးသူများဟာ ပိုင်ရှင်မဲ့ဖြစ်နေတုန်းလို့ ဆိုပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေထဲမှာ အခြေအနေဆုံးရွားတဲ့သူတွေ ရှိတာကြောင့် သေဆုံးသူဦးရေ ထပ်မံတိုးလာမည်ကို စိုးရိမ်မှုများ ရှိနေခဲ့ပါတယ်။


လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူများကို Iván Ferney Rojas က မြို့က ဆေးရုံးမှာ ကုသပေးထားပါတယ်။ ပဲဲကြည့်စင်ပြိုကျသွားတာကြောင့် ကစားကွင်းထဲက နွားအများအပြားက San Pedro မြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ အဆိုပါ ဖြစ်ရပ်ကတော့ ကိုလံဘီယာရဲ့ နှစ်စဥ်ကျင်ပလာတဲ့ ပွဲတော်တစ်လျှောက်မှာ ယခုနှစ်ဟာ အဆိုးရွားဆုံးနှစ်တစ်နှစ်ပဲလို့ဆိုပါမယ်။
သတင်း အရင်းအမြစ်៖ Source - Daily Star & Video Credit - ShanghaiEye